ညီမလေးကလည်း ဝါသနာပါတယ်တဲ့။

နေခြည်ဦးက ညီမဖြစ်သူ စိမ်းလဲ့ရတနာကို မင်းသမီးတစ်ယောက် ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ညီမဖြစ်သူ ဆယ်တန်းပြီးသွားရင် စပြီး Train မယ်လို့ ဆိုပါတယ်။


 

Photo ; စိမ်းလဲ့ရတနာ



သရုပ်ဆောင်ဘက်မှာ နေရာတစ်နေရာ ရလာတဲ့ နေခြည်ဦးက သူမရဲ့ ညီမလေးကို မင်းသမီးတစ်ယောက် ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက အနုပညာပိုးရှိလာတဲ့ ညီမအတွက် သူ့အနေနဲ့ အများကြီး ပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။

“အခုသူ့ကို Social Media ပေါ်မှာ ခဏလေး နားခိုင်းထားတယ်။ သူ့ကို နေခြည်က မင်းသမီးတစ်ယောက် ဖြစ်စေချင်တာ။ ကိုယ့်ညီမလေး အလှည့်ကျရင် ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ၁၀၀ ရာခိုင်နှုန်း ဖြစ်အောင် နေခြည်လုပ်သွားမယ်။ သူက မြန်မာအကကို ကွေးနေအောင် ကတတ်တယ်။ သူ့ကို အဖက်ဖက်က ပျိုးထောင်ပေးတယ်။ ဆယ်တန်းစာမေးပွဲ ပြီးပြီးချင်းဆိုရင်တော့ နေခြည်တို့ သူ့ကို စပြီး train ပါပြီ။” လို့ နေခြည်ဦးက မေလ(၂)ရက်နေ့က ပြုလုပ်တဲ့ အခမ်းနားဆုံးမေတ္တာ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။


Photo ; စိမ်းလဲ့ရတနာ

ဆက်လက်ပြီးတော့ ညီမလေးရဲ့ အနုပညာပိုးနဲ့ ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။

“သူက သုံးတန်းလေးတန်းလောက်ကတည်းက ကျောင်းကပွဲတွေမှာ ကတာ။ အငြိမ့်၊ ပြဇာတ်၊ မင်းသမီးလိုလည်း ကတယ်။ ပြဇာတ်မှာလည်း ကလေး သရုပ်ဆောင်အနေနဲ့ ဝင်ကတာပေ့ါ။ နေခြည် အလုပ်လုပ်တော့မှ သူက ဝါသနာပါတာမဟုတ်ဘူး။ သူက သုံးလေးတန်းလောက်ကတည်းက ကြီးလာရင် မင်းသမီး ဖြစ်ချင်တယ်ဆိုတဲ့ ကောင်မလေး နေခြည်က အရင်ဖြစ်သွားတာပေ့ါ” လို့ နေခြည်ဦးက ဆက်လက်ပြောပြခဲ့ပါသေးတယ်။


Photo ; စိမ်းလဲ့ရတနာ

နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာဟာ အခုလက်ရှိမှာ တက္ကသိုလ်ဝင်တန်းအရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာဟာ နေခြည်ဦးလောက် အားပေးတဲ့ ပရိသတ်တွေ မရှိပေမယ့်လည်း နေခြည်ဦးရဲ့ အစီအစဉ်တစ်ခုမှာ ညီမလေးကို ထုတ်ပြကတည်းက ပရိသတ်တွေ သတိထားမိခြင်း ခံရသူလေးလည်း ဖြစ်ပါတယ်။



Photo : နေခြည်ဦး

နေခြည်ဦးကို ပရိသတ်တေ

ွက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။


နေခြည်ဦးက အခုဆိုရင်တော့ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ သူမဟာ ‘’ဧည့်သည်’’ ၊ ‘’အောက်ဖဲမလှန်ကြေး’’၊ ‘’ ကိုယ်ပွား’’၊ ‘’ရန်သူ’’၊ စတဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ဒါ့အပြင် သရုပ်ဆောင် နေတိုးနဲ့ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က