လူထိခိုက်မှုမရှိခဲ့ပါဘူး

ဒီဇင်ဘာ ၂၂ မနက် ၆ ခွဲလောက်က ခန္တီးမြို့မှာ ပေါက်ကွဲသံတစ်ခုကြားရပြီးလေယာဉ်အစိတ်အပိုင်းလို့ယူဆရတဲ့အရာတစ်ခု လမ်းပေါ်ကိုပြုတ်ကျလာခဲ့တယ်လို့ ခန္တီးဒေသခံ တစ်ဦးက Duwun ကိုပြောပါတယ်။

Photo - ကိုအုန်းလွင်-ခန္တီး

ခန္တီးမြို့ မေတ္တာရပ်ကွက် လေဆိပ်အတက်လမ်းမကြီးပေါ်ကိုအရာဝတ္ထုတစ်ခု ကောင်းကင်က ပြုတ်ကျလာသောကြောင့် မြို့ခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ခဲ့တယ်လို့သူကပြောပါတယ်။

“ပြုတ်ကျလာတဲ့ ဟာက လေယာဉ်အစိတ်ပိုင်းလို့ယူဆရတာပဲ။ ဘယ်နိုင်ငံကလဲတော့မသိဘူး။ တာဝန်ရှိသူတွေတော့ စစ်ဆေးနေကြပါတယ်။”လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီအရာဝတ္တုပြုတ်ကျလာတာကြောင့် လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။ ဒီအရာဝတ္တုဟာ အာကာသထဲက ပြုတ်ကျလာတာလည်းဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။

Share

Loading Next Article...
က္က