ကျန်းမာရေးပြန်ကောင်းနေပြီလို့ သိရပါတယ်။

ဒီနေ့မှာ သဘင်အစည်းအရုံုးအလုပ်အမှုဆောင်များက သရုပ်ဆောင် ဦးမိုးဒီဆီ သို့သွားရောက်ခဲ့ကြပါတယ်။ ကျန်းမာရေး အခြေအနေမေးမြန်းပြီး ကူညီထောက်ပံ့ငွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

Photo : ကောင်းကျော်

ပုပ္ပါးမှာ ဇာတ်ကားရိုက်ကူးရင်း အမောဖောက်လာတာကြောင့်  ရန်ကုန်သို့ ပြန်လာပြီး ဆေးကုသမှု ခံယူနေရတဲ့ ဦးမိုးဒီဆီသို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက အမှုဆောင်များက သွားရောက်တွေ့ဆုံခဲ့တာပါ။ ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းပြီး ကူညီထောက်ပံ့ငွေကိုလည်း ပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံသဘင် အစည်းအရုံးကပြန်ကြားရေးမှုး ကောင်းကျော်က ပြောပါတယ်။

“ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင် အကယ်ဒမီ ဦးမိုးဒီသည် ကျန်းမာရေးချို့ ယွင်း မှုဖြစ်နေကြောင်းကြားသိရပါ၍ မြန်မာနိုင်ငံသဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)မှ ကူညီထောက်ပံ့ငွေ၁သိန်း ကျပ်အား သဘင်လူကူ ကိုယ်စား မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အလုပ်အမှုဆောင် များမှ သွားရောက် ထောက်ပံ့ကူညီမှုများပေးခဲ့

ကြပြီး ဦးမိုးဒီသည်လည်း ကျမ္မာရေး အခြေအနေမှာ အထူးတိုးတက်ကောင်းမွန် လျက်ရှိပါသည်” ဆိုပြီး ဇွန်လ(၁၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ကောင်းကျော်

မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)ဟာ လောကသားတွေရဲ့ သာရေး၊နာရေးကိစ္စတွေကို သေချာ ကူညီဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သတင်းကြားကြားခြင်း တာဝန်ရှိတဲ့ လူများက သွားရောက်တွေ့ဆုံကာ လိုအပ်တာတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။

ဦးမိုးဒီဟာ ’ဆူးပန်းခွေဘယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင်’’ ဆိုတဲ့ ဇာတ်ကားရိုက်ကူးရင်း ရုတ်တရက် အမောဖောက်လာတာကြောင့် ဇာတ်ကားရိုက်ကူးမှုကို နားကာ ရန်ကုန်သို့ ပြန်လာပြီး ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

Photo : ကောင်းကျော်

ဦးမိုးဒီဟာ သူ့အတွက် စိုးရိမ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ လက်ရှိမှာလည်း သေသေချာချာ ဆေးကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

‘’ သက်သာပါတယ်၊ ဆေးလည်းကုနေပါတယ်။ ပုပ္ပါးမှာတော့ မဟုတ်တော့ဘူး ရန်ကုန်ပြန်ရောက်နေပါပြီ။ ဟိုမှာတော့ လျှော့ဖြစ်သွားတဲ့ သဘောပေါ့နော်။ ဟိုမှာတုန်းကတော့ မထနိုင်လောက်အောင် ခေါင်းတွေ ပူထူပြီးတော့ဖြစ်သွားတာ။ ရှေ့မှာ မောင်ကင်းကလည်း ဖြစ်ထားတော့ စိုးရိမ်ကြတာပေါ့နော်။ အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က