''အိပ်မက် ၁၆'' လို့ နာမည်ပေးထားပါတယ်။

သားညီက ညိုမင်းလွင်ကိုယ်တိုင် ဇာတ်လမ်းရေးသားထားတဲ့ ‘’အိပ်မက်၁၆’’ ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာအဖြစ်ရိုက်ကူးသွားမယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ဇာတ်သိမ်းပိုင်းကိုတောင် မသိရသေးဘူးလို့ ဆိုပါတယ်။

Photo: Thar Nyi



ဒါရိုက်တာ သားညီကတော့ ကိုယ်တိုင် ရိုက်ကူးရမယ့် ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းကိုတောင် မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်အသစ်တွေ အများကြီးနဲ့ စိတ်လှုပ်ရှားဖို့ကောင်းမယ့် ဇာတ်ကားဖြစ်တယ်လို့ ပြောပါတယ်။

‘’ကိုယ် ကိုယ်တိုင်တောင် ဇာတ်သိမ်းကို သိခွင့်မရသေးတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း စဖတ်ပြီးကတည်းက  စိတ်ကူးယဉ်ပြီး ခဏခဏ ရိုက်ကြည့်နေတဲ့ ဇာတ်လမ်း၊ ယုံကြည်မှုနဲ့ပတ်သက်ပြီး နာမည်ကြီးခဲ့တဲ့ စိန်ခေါ်မှုတွေ အများကြီးနဲ့ ဇာတ်လမ်း၊ သရုပ်ဆောင်အသစ်တွေကို ယုံယုံကြည်ကြည် နဲ့ပွဲထုတ်ရမယ့် ဇာတ်လမ်း’’ဆိုပြီးတော့ မေလ ၃၀ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo: Thar Nyi

ဒီဇာတ်လမ်းတွဲ ကိုတော့ ညိုမင်းလွင်ကိုယ်တိုင် ဇာတ်လမ်းရေးဖွဲ့ထားတာ ဖြစ်တယ်လို့ သားညီက ပြောပါတယ်။ ဇာတ်လမ်းတွဲ နာမည်ကတော့ ‘’ အိပ်မက် ၁၆ ရုပ်သံဇာတ်လမ်းတွဲ’’ လို့ အမည်ပေးထားပါတယ်။

‘’သိသမျှ တတ်သမျှ အကုန်ထုတ် ဝုန်းဒိုင်းကျဲအောင် ရိုက်ပြရမယ့် ဇာတ်လမ်း၊ အိပ်ပျက်ညပေါင်းများစွာနဲ့

ကြောက်ကြောက်လန့်လန့် ရိုက်ကြရမယ့် ဇာတ်လမ်း၊ အိပ်မက်၁၆ရုပ်သံဇာတ်လမ်းတွဲ ဇာတ်လမ်း - ညိုမင်းလွင်၊ ဇာတ်ညွှန်း - နိုင်ဝင်း(မင်းဥက္ကာ) ရွှန်းမီမီထက်၊ ဒါရိုက်တာ - သားညီ၊ Now In Pre Production’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါတယ်။

Photo: Nyo Min Lwin

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က