ချိုးငှက်က ငြိမ်းချမ်းရေးသင်္ကေတဖြစ်ပါတယ်။

ယခုနှစ်မန္တလေးမြို့တော်သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမှာ ငြိမ်းချမ်းရေးသင်္ကေတ ချိုးငှက်ပူဖောင်းတစ်ထောင် လွှတ်တင်ဂုဏ်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုမြင်ကွင်း

ယခုနှစ်မန္တလေးသင်္ကြန်ရဲ့ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားမှာ ငြိမ်းချမ်းရေးသင်္ကေတချိုးငှက်ပုံတွေပါဝင်တဲ့ အပြာရောင် မိုးပျံပူဖောင်းတစ်ထောင် လွှတ်တင်ဂုဏ်ပြုသွားမှာဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုအစီအစဉ်အရသိရပါတယ်။

မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၁၃)၇က်နေ့မှာကျင်းပပြုလုပ်မှာပါ။ ဖွင့်ပွဲမနက်ပိုင်းမှာ ကောင်းမှုကုသိုလ်ပြုလုပ်တဲ့အစီအစဉ်တွေနဲ့ ကျင်းပပြုလုပ်သွားမယ်လို့ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ ဌာနမှူး ဦးတင်ထွန်းဦးက Duwun ကိုပြောပါတယ်။

မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုမြင်ကွင်း

“မနက်(၅)နာရီမှာ သံဃာတွေကိုဆွမ်းကပ်မယ်၊ ပြီးရင်သံဃာ (၁၀၈)ပါးကိုဘုံဆွမ်းလောင်းမယ်၊ မနက်(၇)နာရီမှာ အစီအစဉ်အရ ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်မှာပါ” လို့ ပြောကြားခဲ့တာပါ။

ဖွင့်ပွဲအခမ်းအနားမှာဆိုရင် ကျောင်းသူ(၅၀၀)နဲ့အတူ မန်းစည်ပင်ယိမ်းအဖွဲ့၊ တိုင်းရင်းသားလူမျိုးအစုအဖွဲ့(၁၈)ဖွဲ့ရဲ့ စုပေါင်းကပြဖျော်ဖြေမှုများအပါအဝင်၊အထွေအထွေအုပ်ချုပ်ရေးယိမ်းအဖွဲ့တို့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေနဲ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က