ဇူလိုင်လ ၁၇ ရက်နေ့ က သွားလှူခဲ့တာပါ။

သရုပ်ဆောင်စည်ဖြိုးတစ်ယောက် အနုပညာအလုပ်တွေ မအားလပ်တဲ့ကြားက ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ် ဆောင် လူရွှင်တော်ကြီး ဦးမန်းဝင်း ကို တက်နိုင်သလောက် အနုပညာကြေးနဲ့ ထောက်ပံ့ငွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။



Photo: Siphyo Fb

 

အက်ရှင်ဇာတ်လမ်းတွဲ ရိုက်ကူးလျှက်ရှိတဲ့ သရုပ်ဆောင် စည်ဖြိုးဟာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးမန်းဝင်း ကို တက်နိုင်သလောက် အလှူငွေ သွားရောက်ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ စည်ဖြိုး နဲ့ အတူ မိသားစုတစ်စုလုံးက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတွေချည်းပါပဲ။

'' အနုပညာကိုရူးသွပ်နေရင်း တစ်နေ့တော့ ကိုယ်လည်းဒီလိုနေရာကိုရောက်လာဦးမှာပဲလို့တွေးမိရင်း ကျောက်ကပ်ပျက် ဝေဒနာ ခံစား နေရတဲ့ အဖေကြီးမန်းဝင်းဆီသွားပြီးနိုင်သလောက်ထောက်ပံ့လှူဒါန်း'' ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့ ညက စည်ဖြိုးရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်မှာ ရေးသားထားတာပါ။

Photo: Siphyo Fb

 

ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေးနေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဝေဒနာအတွက် စည်ဖြိုးအပြင် တခြားအနုပညာရှင်များ အလှူရှင်များကလည်း ထောက်ပံ့ငွေတွေ သွားရောက်လှူဒါန်းကြတာကိုလည်း တွေ့ရပါတယ်။

ဦးမန်းဝင်းအတွက် ဆေးဖိုးသွားလှူခဲ့တဲ့ သင်ဇာဝင့်ကျော် 

Photo: Siphyo Fb

 

သရုပ်ဆောင် စည်ဖြိုးက အခုလက်ရှိမှာတော့ အက်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ယိုးဒယားလူမျိုး ဒါရိုက်တာနဲ့ စတင်ရိုက်ကူးနေပါပြီ။ ဒီဇာတ်လမ်းတွဲရိုက်ဖို့ ကိုလည်း သိုင်းတွေ ၇ လ အကြာ သိုင်းတွေ သင်ခဲ့ရတယ်ဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲရိုက်ဖို့အတွက် တခြား ဇာတ်ကားတွေ လက်မခံပဲ ၇ လတိတိ  ဓားသိုင်းသင်ရတယ်၊ တုတ်သိုင်းသင်ရတယ်၊ ထီးနဲ့ သိုင်းချတဲ့ သိုင်းလည်း သင်ရတယ်။ မြန်မာလက်ဝှေ့လည်း သင်ရတယ်။ ၄ လလောက်သင်ပြီးတော့ ကျွန်တော့်ကို စာမေးပွဲစစ်တယ်။ ပြီးတော့ ၃ လလောက်ထပ်ပြီးတော့ လေ့ကျင့်ရတယ်။ အခုဆို ၂ လရှိပြီ  ရိုက်တာ'' လို့ဆိုပါတယ်။

 

အနုပညာအလုပ်ကို ရူးသွပ်လွန်းတဲ့ စည်ဖြိုးဟာ သူလက်ခံထားတဲ့ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရတဲ့အထိအောင် ကြိုးစားပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ ဒီအက်ရှင်ဇာတ်လမ်းတွဲလေး က   မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က