ဝမ်းနည်းကြေကွဲရတဲ့ အကြောင်းတွေ ပြောပြလာပါတယ်.

အိုင်းရစ်လေပြေဦးက ကွယ်လွန်သူ လူကြမ်းမင်းသား ဦးမင်းစိန်ရဲ့ သမီးကြီးအတွက် ပညာရေး ထောက်ပ့ံ့မှု ပေးသွားမယ်လို့ ဆိုပါတယ်. ဦးမင်းစိန်အတွက် ကုသိုလ်ရေးတွေလည်း လုပ်သွားဖို့ရှိတယ်လို့လည်း ဆက်လက်ပြောပြလာပါတယ်.

လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်ရဲ့ ဈာပန ကိုတက်ရောက်လာတဲ့ သရုပ်ဆောင် အိုင်းရစ်လေပြေဦး က စိတ်မကောင်းဖြစ်တဲ့အကြောင်းတွေပြောပြလာပါတယ်. အခုလည်း ဦးမင်းစိန်ရဲ့ သမီးကြီးအတွက် ပညာရေးထောက်ပံ့သွားမယ်ဆိုတာကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်.



'' ကောျင်းပြီးတဲ့အထိ တာဝန်ယူပေးမယ်ပေါ့နော်. ဘာပဲပြောပြော အမှန်အတိုင်းပြောရရင် ဒီအချိန်မှာ သူတို့အပေါ် ကိုယ်က တာဝန်မကျေသလို ခံစားရတယ်. အဲ့ဒီတော့ သမီးလေး ကျောင်းပြီးတဲ့အထိ တာဝန်ယူမယ်လို့ ပြောထားပါတယ်'' ဆိုပြီးတော့ ဇန်နဝါရီ်လ ၇ ရက်နေ့က ဦးမင်းစိန်ရဲ့ ဈာပန မှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်.

အိုင်းရစ်လေပြေဦးရဲ့ ကျေးဇူးရှင်တွေထဲမှာ ဦးမင်းစိန်က တစ်ယောက် အပါအဝင်ဖြစ်ပါတယ်. ဇာတ်ကားအတူတူရိုက်ကူးနေစဉ် အမှတ်တရ ရှိခဲ့တဲ့ အကြောင်းကိုလည်း ရင်ဖွင့်ပြောပြလာပါတယ်.

'' ဦးမင်းစိန်က အိုင်းရင်းစ်အတွက်တော့ ဦးလေး အရင်းလိုမျိုးချစ်ရတဲ့ ဦးလေးတစ်ယောက်ပါ. ဇာတ်ကားရိုက်တဲ့ အချိန်တုန်းက အိုင်းရင်းစ် မြင်းပေါ်က ပြုတ်ကျဖူးတယ်. လမ်းမလျှောက်နိုင်တဲ့အချိန်မှာ ရှုတင်ရှိတဲ့နေရာအထိကို ချီပြီးတော့ လိုက်ပို့ပေးတဲ့ ကျေးဇူးရှိခဲ့ဖူးတယ်. ဒီကြားထဲမှာလည်း ဆုံရင် ဆုံသလို အိုင်းရင်းစ် တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးပါတယ်'' လို့ သူကဆိုပါတယ်.

ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ဦးမင်းစိန် အတွက် သရုပ်ဆောင် အိုင်းရစ်လေပြေဦးက သူ့ရင်ထဲက ပြောချင်ခဲ့တဲ့ စကားတွေကို ဆက်လက်ပြောပြလာပါတယ်.

'' ဦးမင်းစိန် ဒီနေရာကနေ တွေ့မယ်ဆိုရင် သမီး စိတ်မကောင်းပါဘူး . ဦး သမီးကို လာတွေ့ပါလို့ပြောတဲ့အချိန်မှာ ဦးဆီ သမီးက လာမတွေ့နိုင်ခဲ့ဘူး. အခုတော့ ဦးရဲ့ နောက်ဆုံးခရီးလေးကို သမီးတတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးတယ်. ဦးအတွက်လည်း သမီးကိုးကွယ်တဲ့ သစ်တံခါးကျောင်းမှာ အလှူလေး လုပ်ပေးဖို့ရှိတယ်. ဦး သာဓုခေါ်ပြီးတော့ ကောင်းရာ ဘုံဘဝမှာ အေးဆေးနေပါနော်'' လို့ ဆိုပါတယ်.

Photo: အိုင်းရစ်လေပြေဦး

အိုင်းရစ်လေပြေဦးကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပါတယ်. သူမဟာ အခုလက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်. ဒါပေမယ့် အရင်ကလောက်တော့ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ရပါတယ်.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က