ခိုင်နှင်းဝေ ပရဟိတ အဖွဲ့ဟာ လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးကြသူ တွေ အတွက် အအေးဗူးတွေနဲ့ ဒါနကုသိုလ်ပြုခဲ့တယ်လို့ ဆိုပါတယ်။
Photo: ခိုင်နှင်းဝေ
ခိုင်နှင်းဝေ ဦးဆောင်တဲ့ ပရဟိတအဖွဲ့ဟာ ဇန်နဝါရီလ ၇ ရက်နေ့ က လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်ရဲ့ ဈာပနမှာ အအေးဗူး တွေကို အလှူဒါနပြုခဲ့တယ်လို့ ခိုင်နှင်းဝေက ပြောပါတယ်။ ဦးမင်းစိန် အတွက် ကြေကွဲဝမ်းနည်းမိတဲ့ ခံစားချက်တွေကိုလည်း ရင်ဖွင့်ပြောပြထား ပါသေးတယ်။
'' ကျွန်မတို့ ရုပ်ရှင် ကားတွေ ကောင်းဖို့အတွက် တစ်ထောင့်တနေရာက ထောက်ပံ့ အနစ်နာခံ အန္တရာယ်ရှိ မှာ ဒဏ်ရာ ရမှာ ကိုမမှုပဲ ပရိသတ်တွေ အမုန်းကို ကျေကျေနပ်နပ် လက်ခံရယူ ခဲ့တဲ့ လူကြမ်းသရုပ်ဆောင်ကြီး ဦးမင်းစိန် ရဲ့ အသုဘ အခမ်း အနားမှာ ကျွန်မတို့ အသင်းမှ လိုက်လံ ပို့ဆောင်ပေးမည့် ဆွေမျိုး ပရိသတ်များအတွက် အအေးများ သွားရောက် လှူဒါန်းဖြစ် ပါတယ်ရှင်''လို့ သူကဆိုပါတယ်။
Photo: ခိုင်နှင်းဝေ
လက်ရှိမှာ ခိုင်နှင်းဝေက ''တုနှိုင်းမရတဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီ့အတွက်လည်း ဦးမင်းစိန်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
''ဇာတ်လမ်းတွဲ ရိုက်ကူးနေရလို့ လူစုံရိုက်ကွင်းဖြစ်နေတဲ့အတွက် ကိုယ်တိုင်မသွားနိုင်လို့ လိုက်ပို့သူများ အမောပြေစေရန် အချိုရည်များသွားရောက်လှူပေးခဲ့ပါတယ်။ ဦးမင်းစိန် ကောင်းရာဘုံဘဝရောက်ပါစေ'' ဆိုပြီးတော့ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲကျော်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။
Photo: ခိုင်နှင်းဝေ
ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက်ပေး ဖြစ်နေ တယ် လို့ သိရပါတယ်။
ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကို လည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူ တစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။