တချိန်က အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦးပါ။

ပရိသတ်တွေနဲ့ အချိန်တော်တော်ကြာ ကင်းကွာနေခဲ့တဲ့ သရုပ်ဆောင် ရဲကိုကိုဟာ မင်းစိန်ရဲ့ နောက်ဆုံး ဈာပန ခရီးကို ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ ရဲကိုကိုဟာ မြန်မာနိုင်ငံ ပြန်ရောက်နေတာ တစ်နှစ်ကျော်လောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူးလို့ ဆိုပါတယ်။

ဗီဒီယိုလောကမှာ တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အက်ရှင်မင်းသား ရဲကိုကိုဟာ သရုပ်ဆောင် မင်းစိန်ရဲ့ နောက်ဆုံး ဈာပနခရီးကို လိုက်ပါပို့ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေ့(ဇန်နဝါရီ၇ရက်)မှာ ဦးမင်းစိန်ရဲ့ ကျန်ရှိနေတဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့တာပါ။ မင်းစိန်ရဲ့ နောက်ဆုံးခရီးကို ကျန်ရစ်သူ မိသားစုတွေနဲ့အတူ အနုပညာလောကသားတချို့နဲ့အက်ရှင်မင်းသားဟောင်း ရဲကိုကိုကပါ လိုက်ပါ ပို့ဆောင်ခဲ့တာပါ။

ဦးမင်းစိန်ဟာ ရဲကိုကိုအတွက် ဆရာအရင်းတစ်ယောက်ဖြစ်သလို ညီအစ်ကိုဆိုရင်လည်း မမှားပါဘူးတဲ့။

“ကျွန်တော့်ဆရာအရင်းပါပဲ။ငယ်ငယ်ကတည်းက သင်ခဲ့တဲ့ ဆရာပါ။ ဆရာတပည့်ညီအစ်ကိုတွေလိုပါပဲ အမှတ်တရတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်တည်းကဆိုတော့။မင်းစိန်နဲ့က ကောင်းတူ ဆိုးဖက်ပါပဲ။ ကောင်းတာလည်းလုပ်ခဲ့တယ်။ ဆိုးတာလည်း လုပ်ခဲ့တယ်” ဆိုပြီး မင်းစိန်ရဲ့ နောက်ဆုံးခရီးမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ရဲကိုကိုဟာ မြန်မာနိုင်ငံ ပြန်ရောက်နေတာ တစ်နှစ်ကျော်လောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူးလို့ ဆိုပါတယ်။လူကြမ်း သရုပ်ဆောင် ဦးမင်းစိန် ဟာ ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၂ နာရီခွဲက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာပါ။

သူ့အတွက်ကိုလည်း အနုပညာရှင်အသိုင်းအဝိုင်းက သရုပ်ဆောင်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ဦးမင်းစိန်ရဲ့ ဈာပန နဲ့ ပတ်သက်ပြီးတော့လည်း ကိုလူချော အဖွဲ့ဝင်တွေက ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က