သရုပ်ဆောင် ဝေလာရီရဲ့ အသက် ၂၀ နှစ်ပြည့်မွေးနေ့အတွက် ချစ်ရတဲ့ မမဖြစ်တဲ့ အဆိုတော် လိမ္မော်သီးက မွေးနေ့ဆုတောင်း တွေ ပြောပြထားတာကို တွေ့ရပါတယ်။ ညီမလေး ကြိုက်တတ်တဲ့ အရာလေးတွေကိုလည်း မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ ပါတယ်။
Photo: ဝေလာရီဖေ့စ်ဘွတ်
အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ဝေလာရီရဲ့ အသက် ၂၀ ပြည့်မွေးနေ့မှာ သူချစ်ရတဲ့ မမဖြစ်တဲ့ အဆိုတော် လိမ္မော်သီးက မွေးနေ့အမှတ်တရ ဆုတောင်းပေးထားတာတွေ့ရပါတယ်။ မောင်နှမ ၄ ယောက်ထဲမှာမှ ဝေလာရီကတော့ အငယ်ဆုံး ဖြစ်ပါတယ်။
'' Happy Birthday မီးလေး။ မွေးနေ့မှစပြီး ချစ်တဲ့မေကြီး၊ ကိုကြီး၊ ကိုလတ်၊ မမတို့နဲ့ အမြဲပျော်ရွှင်ပါစေနော်။ လိုအင်ဆန္ဒတွေ အမြန်ပြည့်စုံ ပါစေ။ အနုပညာလမ်းမှာ အောင်မြင်တဲ့ကြယ်လေးတစ်ပွင့်ဖြစ်ပါစေ။ မီးလေး ပျော်ရွှင်ချိန်မှာဖြစ်ဖြစ်, ဝမ်းနည်းချိန်မှာဖြစ်ဖြစ်အမြဲ အနားမှာ မမရှိမယ်နော်'' လို့ ဆိုပါတယ်။
Photo: လိမ္မော်သီးဖေ့စ်ဘွတ်
အဲ့ဒီနောက် ညီမငယ်လေး ကြိုက်တတ်တဲ့ အိတ်ကလေးနဲ့ ဖိနပ်ကိုလည်း လက်ဆောင်ပေးခဲ့ပါသေးတယ်။ ဒီလက်ဆောင်ကိုလည်း ညီမလေး အတွက် Surprise ဖြစ်စေမယ့် လက်ဆောင်လေး လို့လည်း လိမ္မော်သီးက ပြောပြထားပါသေးတယ်။
''ဖိနပ်နဲ့အိတ်ကလေး ဝယ်ပြီး မွေးနေ့မှ Surprise လုပ်ချင်လို့ ဖွက်ထားတာ အိမ်ရောက်နေတာကြာပြီ။ တဖွဖွမေးနေတာ မရောက်သေးဘူး ညာပြောထားတာ။ အခုအခန်းမှာ လာယူပါ'' ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ ည ၁၂ နာရီ ၁၁ မိနစ် အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ဝေလာရီဖေ့စ်ဘွတ်
ဝေလာရီရဲ့ Facebook Profile ကိုလေလံတင်
အဆိုတော် လိမ္မော်သီးကိုတော့ ဆံပင်ရှည်ရှည် ရော့ခ် စတိုင်လ် နဲ့ ပရိသတ်တွေ သိထားမိတာ များပါတယ်။ သူ သီဆိုလိုက်တဲ့ သီချင်းတွေက လည်း သူ့အသံနဲ့ လိုက်ဖက်မှုရှိတဲ့ ရော့ခ် သီချင်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေးနဲ့ အတူ ဂီတဖျော်ဖြေ ရေးတွေလည်း သီဆိုနေရတာကို တွေ့ရပါတယ်။
Photo: ဝေလာရီဖေ့စ်ဘွတ်
ဝေလာရီ ကိုတော့ ၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမိန်းကလေး တစ်ဦးအဖြစ်ပါဝင်ခဲ့ရာ ပရိသတ်တွေ စတင် သတိထား မိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အစ်မဖြစ်သူ အဆိုတော် လိမ္မော်သီးနဲ့အတူ J & W Clothing ဆိုတဲ့ ပိုးထည်ဆိုင်လေး ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။