ဒါတောင် Pro Display XDR မပါသေးဘူး

WWDC 2019 နဲ့အတူ Apple ဟာ ဒီဇိုင်းပြောင်းထားတဲ့ Mac Pro သစ်ကို ကြေညာသွားပါတယ်။


         ၅၉၉၉ ဒေါ်လာ( မြန်မာငွေ သိန်း ၉၀ ကျော်) ဈေးကနေ စတင် ဝယ်ယူနိုင်မယ်လို့ဆိုတဲ့ ဒီ Mac Pro သစ်ဟာ ၂၀၁၃ မှာ ကြေညာခဲ့တဲ့ ဆလင်ဒါပုံစံကနေ Tower Style ပြောင်းထားပြီး အမြင့်ဆုံး top-of-the-line မော်ဒယ်ဈေး မကြေညာသေးပါဘူး။ The Verge သတင်းမှာတော့ Apple ကနေ ထုတ်ထားတဲ့ နောက်ထပ် top-end specs သုံး ပစ္စည်းအစိတ်အပိုင်းတွေ တပ်ဆင်မယ်ဆိုရင် အနည်းဆုံး ၃၃၇၂၀.၈၈ ဒေါ်လာ ကျသင့်မယ်လို့ဆိုပါတယ်။ GPUs ၄ လုံး ထပ်စိုက်ဦးမယ်ဆိုရင်တော့ ဒေါ်လာ ၄၅၀၀၀ ဝန်းကျင် ( မြန်မာငွေ ကျပ်သိန်း ၆၈၀ ကျော်) အထိ ရောက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။





Photo: Healthy Topics

         Mac Pro သစ်ဟာ 28 core Intel Xeon W processor နဲ့လာပြီး RAM ပမာဏက မယုံနိုင်လောက်အောင်များတဲ့ 1.5TB သုံးထားတာ ဖြစ်ပါတယ်။ SSD storage 4TB နဲ့အတူ ကမ္ဘာ့ စွမ်းအားအကောင်းဆုံး graphic card ဖြစ်တဲ့ AMD Radeon Pro Vega II Duo GPUs လေးလုံးလည်း အမြင့်ဆုံးမော်ဒယ်မှာ ပါဝင်လာမှာပါ။ Mac Pro သစ်ဟာ 8K ProRes ထွက်တဲ့ RAW video သုံးခုကို တစ်ပြိုင်နက်တည်း playback လုပ်နိုင်မယ်လို့လည်း Apple က ကြေညာထားပါတယ်။

         အလူမီနီယံဘော်ဒီနဲ့ဖွဲ့စည်းထားပြီး Air vent လေဝင်ပေါက်ပိုချဲ့ထားသလို လက်ကိုင်ဖရိန်နဲ့အောက်ခြေထောက်တွေဟာလည်း စတီးလိုင်းတွေနဲ့ဒီဇိုင်းထုတ်ထားတာပါ။ ပြင်ပ accessories တွေနဲ့ချိတ်ဆက်နိုင်ဖို့အတွက် PCI Express Expansion slots ပေါင်း ၈ ခု ပါရှိပြီး Thunderbolt port ၃ ခု ၊ USb-A port ၂ ခုနဲ့headphone jack တစ်ခုလည်း ပါရှိပါတယ်။ Mac Pro သစ်ရဲ့ အပေါ်ဘက် ထိပ်နားမှာလည်း Thunderbolt Connectors ၂ ပေါက်ထားပေးထားပါတယ်။

         


          ဒေါ်လာ ၆၀၀၀ တန် Mac Pro ဟာ base model ဖြစ်ပြီး 8 core CPU ပါရှိပါတယ်။ တစ်ခြား မော်ဒယ်တွေမှာ 12 core CPU ၊ 16 core CPU ၊ 24 core CPU နဲ့28 core CPU ဆိုပြီး ထွက်ရှိထားပါတယ်။ storage SSD အနေနဲ့base model မှာ 256GB ပါပြီး အမြင့်ဆုံးမှာ 4TB SSD storage သုံးထားတာပါ။ မော်ဒယ်အားလုံးဟာ Apple ရဲ့ T2 security chip လုံခြုံရေးစနစ်နဲ့ထိန်းချုပ်ထားတာလို့ဆိုပါတယ်။ base model ဟာ ဂရပ်ဖစ်အနေနဲ့AMD Radeon Pro 580X နဲ့လာပြီး မော်ဒယ်အလိုက် ဈေးနှုန်းတွေဟာ ထပ်တိုးစိုက်မယ့် specs တွေပေါ် မူတည်ပါတယ်။

Photo: zukus

         RAM အမြင့်ဆုံး 1.5TB သုံးမယ်ဆိုရင် 128GB RAM Stick ပေါင်း ၁၂ ချောင်း စိုက်ရမှာ ဖြစ်ပြီး တစ်ခုကို အကြမ်းဖျဉ်း ၁၃၈၈၈.၉၉ ဒေါ်လာ ကျသင့်တာ ဖြစ်လို့စုစုပေါင်း ၁၇၈၆၇.၈၈ ဒေါ်လာ ကျသင့်မှာပါ။ SSD 4TB အတွက် 2TB SSSD ၂ ချောင်းကို ဒေါ်လာ ၂၄၀၀ ကုန်ကျပြီး 2.5GHz 28 core Intel Xeon W Processor တစ်ခုအတွက် ခန့်မှန်းခြေ ၇၄၅၃ ဒေါ်လာခန့်ကျမယ်လို့The Verge က တွက်ချက်ထားပါတယ်။

         Mac Pro နဲ့အတူ ကြေညာသွားတဲ့ AMD ထုတ် Radeon Pro Vega II GPUs ၂ ခုဟာ အနည်းဆုံး ဒေါ်လာ ၁၂၀၀၀ ကျသင့်တာ ဖြစ်ပါတယ်။ Mac Pro နဲ့အတူ မိတ်ဆက်သွားတဲ့ Pro Display XDR ၃၂ လက်မ Retina 6K display ကတော့ ၄၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး pro display နဲ့အကောင်းဆုံး mac system အတွက် ဈေးနှုန်းကတော့ အိပ်မက်တောင် မက်ဖို့ခက်တဲ့ ဈေးလို့ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က