၂၀၁၈ ခုနှစ်က ရိုးမားအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲနောက်ပိုင်း ပထမဆုံးပြန်ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုး ၂ ဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့တာပါ။
ဂျန့်ခ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုုင်ခဲ့တဲ့ တောင်ပံ ကစားသမား ချိန်ဘာလိန်အနေနဲ့ မိမိတို့ လီဗာပူးအသင်းကဲ့သို့ တိုးတက်လာမယ့်ကစားသမားလို့ နည်းပြ ကလော့ပ်က ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။
အခုပွဲစဉ်က ချိန်ဘာလိန်အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရိုးမားနဲ့ကစားစဉ် အရွတ်ဒဏ်ရာရပြီးအနား ယူနေရပြီးကတည်းက ပထမဆုံးကစားခဲ့တဲ့ ဥရောပ ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။
“ တကယ့်ကို ခမ်းနားတဲ့ ညတစ်ညပါပဲ၊ချိန်ဘာလိန်ရဲ့ ခြေစွမ်းသာမကပဲ တစ်သင်းလုံးရဲ့ ခြေစွမ်းက ကောင်းမွန်ခဲ့တာပါ။ ချိန်ဘာလိန်ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းခဲ့သလို အသင်းရလဒ်ကလည်း ကျေနပ်စရာပါပဲ။ပြီးခဲ့တဲ့အပတ်က လယ်လာနာရဲ့ ဂိုးက အသင်းအတွက် အင်မတန်အရေးပါခဲ့သလို အခုလည်း ချိန်ဘာလိန်ရဲ့ ၂ ဂိုးက တကယ် ကျေနပ်စရာပါ။သူက လီဗာပူး အသင်းတိုးတက်လာသလိုပဲ တဖြည်းဖြည်းနဲ့ တိုးတက်လာတောာ့မယ့် ကစားသမားပါပဲ။”လို့ ကလော့ပ်က ပြောသွားပါတယ်။
ဆက်လက်ပြီးတော့လည်း ပွဲကစားချိန် မိနစ် ၇၀မှာ ရော်ဘင်ဆန်ကို လူစားလဲခဲ့တာကလည်း ဒဏ်ရာ တစ်စုံတရာ ရရှိလို့ မဟုတ်ပဲ နိုင်ငံတကာပွဲတွေကြောင့် ပင်ပန်းနေမှုအပေါ် တတ်နိုင်သလောက်အနားပေးခဲ့တာသာ ဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါ သေးတယ်။
လီဗာပူးအသင်းအနေနဲ့ ဂျန့်ခ်အသင်းကို အနိုင်ရလိုက်လို့ ၂ ပွဲနိုုင် ၁ ပွဲရှုံး ၆ မှတ်နဲ့ ချန်ပီယံလိဂ် အုပ်စု(င)ရဲ့အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။