ဈေးနှုန်း မကြေညာ‌သေးပါဘူး

Samsung ရဲ့ entry-level တန် Galaxy M ဖုန်းသစ်ကို UAE ဝက်ဘ်ဆိုက်မှာ မိတ်ဆက်ထားပါတယ်။

Galaxy M11 သစ်ဟာ ဒီလထဲမှာ ထွက်ခဲ့တဲ့ ဒုတိယမြောက် Galaxy M series ဖုန်းပါ။ Galaxy M21 လိုမျိုး U ပုံစံ notch display မသုံးတော့ဘဲ punch hole ကင်မရာပေါက် display သုံးလာပါတယ်။ HD+ resolution နဲ့ ထွက်လာပြီး ရှေ့ဘက် punch-hole ထဲမှာ 8MP selfie ကင်မရာနဲ့ လာပါတယ်။



Photo: smartprix

Processor နာမည်ကြေညာထားခြင်း မရှိဘဲ 1.8GHz octa-core processor သုံးထားတယ်လို့ပဲ သိရပါတယ်။ Processor အမျိုးအစားကိုလည်း Exynos လား ၊ MediaTek လား ဒါမှမဟုတ် Qualcomm Chip လားဆိုတာ မသိရသေးပါဘူး။ RAM/storage ပမာဏကို 3GB နဲ့ 32GB သုံးထားပြီး microSD card ကနေ ထပ်ပြီး storage မြှင့်နိုင်မှာပါ။ 

Galaxy M11 ဟာ 5000 mAh အကြီးစားဘက်ထရီနဲ့ လာပြီး 15W fast charging ပါမှာပါ။ ကျောဘက်မှာ fingerprint scanner ပါပြီး အနက်ရောင် ၊ သတ္ထုပြာရောင်နဲ့ ခရမ်းရောင် ကာလာ ၃ မျိုးနဲ့ ထွက်ထားပါတယ်။ Android ဗားရှင်းအနေနဲ့ Android 9 လား 10 လား မသိရသေးပါဘူး။

မျက်နှာပြင် အရွယ်အစား ၆.၄ လက်မ ရှိပြီး ကျောဘက်မှာ ထောင်လိုက် ၃ လုံးတွဲကင်မရာ သုံးသွားပါတယ်။ ကင်မရာအနေနဲ့ 13MP main sensor ၊ 5MP ultrawide နဲ့ 2MP depth sensor တစ်လုံး ပါမှာပါ။ ဈေးနှုန်းနဲ့ ထွက်မယ့်ရက်တော့ ကြေညာခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က