မြန်မာနိုင်ငံမှာ ကားအစီးအရေ အဆမတန်များပြားလျှက်ရှိလာကာ တချို့ယာဉ်တွေက မမှန်မကန် ဖောက်စွပ်၊ ဖြတ်ဆက်လုပ်ထားတာတွေ မော်တော်ယာဉ်တွေဖြစ်နေပါတယ်။ (၇) နှစ်အတွင်း ထိန်းသိမ်းထားတဲ့ ဖောက်စွပ်၊ ဖြတ်ဆက် မော်တော်ယာဉ် (၃၆၂)စီးကို သံရည်ကြိုဖျက်စီးသွားမှာဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံအတွင်း ၂၀၁၂ခုနှစ်ကနေ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ထိ ထိန်းသိမ်းထားတဲ့ ဖောက်စွပ်၊ ဖြတ်ဆက် မော်တော်ယာဉ် (၃၆၂)စီးကို သံရည်ကြိုဖျက်စီးသွားမှာဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီဌာနကနေ သိရပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ၂၀၁၁ခုနှစ်တုန်းက မော်တော်ယာဉ်အစီးရေ ၂.၄သန်းကျော်ရှိခဲ့ရာ ယခုအခါမှာတော့ ၇.၂ သန်းလောက်ရှိနေတယ်လို့သိရပါတယ်။ အခုလိုမော်တော်ယာဉ်အစီးရေ အဆမတန်များပြားလာရခြင်းက ပုံမှန်အတိုင်းမဟုတ်ဘဲ တချို့က အခုလို ဖောက်စွပ်၊ ဖြတ်ဆက်လုပ်ပြီး မမှန်မကန်လုပ်လာတာတွေအများကြီးရှိတယ်လို့သိရပါတယ်။
“ ကွန်တော်တို့နိုင်ငံမှာ မော်တော်ယာဉ်တွေအဆမတန်တိုးလာတာက ပုံမှန်အတိုင်းမဟုတ်ဘဲ တချို့ဆိုရင် မမှန်မကန်ဆောင်ရွက်တာတွေတိုးလာတာတွေရှိတယ်။ အဲလိုမျိုး ရှိပြီးသားမှတ်ပုံတင် မော်တော်ယာဉ်တစ်စီးကို ဖြတ်ဆက်တာတို့၊ ဖောက်စွပ်တာတို့၊ အလုံးချိန်းတာတွေက မော်တော်ယာဉ်ဥပဒေနဲ့ မညီဘဲ ပြုပြင်လာတာတွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင်မယ့် ယာဉ်တွေနဲ့ရောပြီး အခုလို အမှန်မကန်လုပ်တဲ့ယာဉ်တွေကို မော်တော်ယာဉ်ဥပဒေအရအရေးယူနေတာတွေရှိတယ်။ အခုလည်း ထိန်းသိးထားတဲ့ ဖောက်စွပ်၊ ဖြတ်ဆက်လုပ်ပြီး မမှန်မကန်လုပ်ထားတဲ့ ယာဉ်တွေကို သံရည်ကျိုဖျက်ဆီးသွားမှာဖြစ်တယ်” လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က မီဒီယာတွေကိုပြောပါတယ်။
အခုဆိုရင်တော့ မြန်မာနိုင်ငံမှာ ဖောက်စွပ်၊ဖြတ်ဆက်လုပ်ပြီး သိမ်းဆည်းထားမိတဲ့ယာဉ်တွေက စခန်းမှာတောင် ထားဖို့နေရာမဆံ့တော့လို့ ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန ရုံးအတွင်းမှာမှာ ထိန်းသိမ်းထားနေရတာလည်းဖြစ်ပါတယ်။
အခုလို ကားဘော်ဒီအစိတ်အပိုင်းမမှန်မကန်လုပ်ထားတဲ့မော်တော်ယာဉ်ပိုင်ရှင်တွေကိုတော့ နိုင်ငံတော်က သက်ညှာတဲ့အနေနဲ့ မော်တော်ယာဉ်တွေကိုသိမ်းစည်းပြီး ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင်ခွင့် ပုံစံ” ဃ” စလစ်ကို ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။