မဟာသမယသုတ်လေး ရွတ်ဖို့တော့ တိုက်တွန်းခဲ့တယ်။

ဆုပန်ထွာဟာ အစ်ကိုတစ်ယောက်လို ချစ်ခင်ရတဲ့ သရုပ်ဆောင် ညီနန္ဒနဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ ဘာသာရေးကိုအမှန်တကယ် လုပ်ဆောင်တတ်တဲ့အကျိုးတွေကြောင့် အဆင်ပြေနေတဲ့ ညီနန္ဒအတွက်လည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

Photo: Edrand Chee



ဆုပန်ထွာကတော့ အနုပညာအစ်ကိုတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ညီနန္ဒအကြောင်းတွေ ပြောပြလာပါတယ်။ အစ်ကိုဖြစ်သူ ဒုက္ခရောက်နေတဲ့အချိန်မှာ ငွေကြေးအရ မကူညီပေးနိုင်ခဲ့ဘူးလို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ရင်ဖွင့်ပြောပြလာပါတယ်။

“ အစ်မလေ အစ်ကို့ကိုစတွေ့တော့ ‘နေရယ် လရယ် အမှန်တရားရယ်’ ရိုက်တုန်းကပေါ့နော်။ သူဒုက္ခရောက်နေတဲ့အချိန်မှာ မမလေ သူ့ကို ပိုက်ဆံတွေလည်း အများကြီး မပေးနိုင်ဘူး။ အစ်ကိုရယ်ဆိုပြီးတော့ စိတ်မကောင်းဖြစ်ရုံပဲရှိခဲ့တာပါ။ ဒါပေမယ့် အစ်ကို့ကိုပြောလိုက်တာက “မဟာသမယ သုတ်”လေး ရွတ်နော်အစ်ကိုလို့ပြောလိုက်တာ သူက ကိုယ့်ထက်တောင်ပိုတော်သွားသေးတယ်။ ၄ ခေါက်တောင်ရွတ်တာတဲ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Su Pan Htwar

ညီနန္ဒဟာ အနုပညာအလုပ်တွေနဲ့ နှစ်အနည်းငယ်အကြာ ဝေးကွာခဲ့တာဖြစ်ပါတယ်။ ဒီကာလတွေမှာလည်း မဆုံဖြစ်ကြဘူးဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

“ အစ်ကို့ရဲ့ မျက်နှာမှာ အစ်မမြင်ရတာက အေးချမ်းတယ်။ မမတို့ မောင်နှမတွေ မဆုံဖြစ်တာ တော်တော်ကို ကြာခဲ့တာပါ။ ဒါပေမယ့် သူ့ကို ပြန်တွေ့တဲ့အချိန်မှာ မျက်နှာလေးက အရမ်းကိုချောတယ်။ ကိုယ့်ရင်ထဲမှာလေ သူ့ကိုကြည့်ပြီး ပီတိဖြစ်ရတယ်။ အစ်မကတော့ ကိုယ့်အစ်ကိုတွေ၊ မောင်လေးတွေ၊ ညီမတွေ၊ အစ်မတွေကိုတွေ့တိုင်း မဟာသမယသုတ် ရွတ်ဖို့ပြောပါတယ်။ ကိုယ့်မှာရှိတဲ့ အခက်အခဲလေးတွေ ပြေလည်နိုင်တယ်ပေါ့နော်” လို့ဆိုပါတယ်။

Photo: Nyi Nanda

ဆုပန်ထွာနဲ့ ညီနန္ဒ တို့ရဲ့ အတူတွဲသရုပ်ဆောင်မှုတွေကိုတော့ “နေရယ် လရယ် အမှန်တရားရယ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေ အောင်မြင်ခဲ့ချိန်တုန်းကလည်း နှစ်ယောက်အတူတွဲပြီးရိုက်ခဲ့တဲ့ ဗီဒီယို ဇာတ်ကားတွေက အများကြီးပါ။ တီဗီကြော်ငြာတွေမှာလည်း ညီနန္ဒနဲ့ ဆုပန်ထွာတို့အတူတွဲပြီး သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ အခုလက်ရှိမှာတော့ ဆုပန်ထွာကလည်း ကအနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာဖြစ်သလို ညီနန္ဒကလည်း ၂၀၁၇ ခုနှစ် အကုန်လောက်မှာ အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

photo : Su Pan Htwar

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က