မနှစ်ကလည်းဖြစ်ပွားခဲ့ပါတယ်။
ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်လောက်ကစပြီး လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Photo - Myanmar Fire Service Department



မီးလောင်မှုကို ငြိမ်းသတ်ဖို့အတွက် လှိုင်သာယာမြို့နယ်က မီးသတ်ယာဉ် ၃ စီးနဲ့ အင်းစိန်းမြို့နယ်က မီးသတ်ယာဉ် ၃ စီးတို့ဟာ ကနဦးထွက်ခွာပြီး မီးငြိမ်းသတ်မှုပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မီးလောင်ကျွမ်းမှုအခြေအနေနဲ့ မီးလောင်ကျွမ်းမှုအဆင့်ကိုတော့ မသိရသေးပါဘူး။ ထိန်ပင်အမှိုက်ပုံဟာ ယမန်နှစ် ဧပြီလအတွင်းမှာလည်း မီးလောင်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။

ယမန်နှစ် မီးလောင်မှုဖြစ်ပွားခဲ့စဉ်က အမှိုက်ပုံကနေ ထွက်ပေါ်လာခဲ့တဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှုဒဏ်ကို လှိုင်သာယာ၊ အင်းစိန် စတဲ့ မြို့နယ်တွေ အပါအဝင် ရန်ကုန်မြို့ မြို့နယ်တော်တော်များများမှာ ခံစားခဲ့ရပါတယ်။

ယမန်နှစ်က ထိန်ပင်အမှိုက်ပုံမီးလောင်မှုဟာ ဧပြီ ၂၁ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ ၁၃ ရက်ခန့် ကြာမြင့်ခဲ့ပြီး ရန်ကုန်မှာရှိတဲ့ မီးသတ်အင်အား၊ ရဲအင်းအား၊ အထွေထွေအုပ်ချုပ်ရေးအင်အား၊ တပ်မတော်အင်အား အပါအဝင် လူဦးရေသုံးထောင်ကျော် ပါဝင်ငြှိမ်းသတ်ခဲ့ရသလို ပြည်သူလူထုကလည်း များစွာကူညီခဲ့ကြရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က