Grand Guardian Nippon Life Insurance Co., Ltd (“GGI Nippon Life”) အသက်အာမခံလုပ်ငန်းအနေနဲ့ ၂၀၂၂ ခုနှစ်အတွက် Insurance Asia Awards က ပေးအပ်ချီးမြှင့်တဲ့ International Life Insurer of the Year - Myanmar နှင့် New Insurance Product of the Year - Myanmar (Simple Life) တို့ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆုရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး GGI Nippon Life ၏ Chief Executive Officer ဖြစ်သူ Mr. Tan Yeow Hau က “Insurance Asia Awards မှ ဆု (၂) ဆု ကို ထပ်မံ လက်ခံရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ ဂုဏ်ယူမိပါတယ်။ ဒီဆုတွေဟာ မြန်မာပြည်သူ ပြည်သားတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အားသွန်ခွန်စိုက် အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြုတဲ့ ဆုတွေလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး customer များကို စိတ်အေးချမ်းသာမှုတွေ ပေးနိုင်ပြီး မြန်မာ့လူ့အဖွဲအစည်းအတွက် ပံ့ပိုးကူညီမှုတွေလည်း အမြဲလုပ်ဆောင်နိုင်ဖို့ ပိုပြီး ကြိုးပမ်းအားထုတ် သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
GGI Nippon Life အနေနဲ့ ၂၀၂၁ ခုနှစ်ကလည်း Insurance Asia Awards မှ ပေးအပ်ချီးမြှင့်တဲ့ ဆုတွေဖြစ်တဲ့ International Life Insurer of the Year (Myanmar) နှင့် New Insurance Product of the Year – Myanmar (Student Life) ဆုတွေကို ရရှိခဲ့ပြီး International Life Insurer of the Year (Myanmar) ဆုကို (၂) နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
Insurance Asia Awards ဆိုတာ Charlton Media Group ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Insurance Asia Awards မှ ဦးစီးကျင်းပတဲ့ ဆုပေးပွဲတစ်ခုလည်း ဖြစ်ပါသည်။ The Insurance Asia Awards 2022 မှာ Deloitte ၊ KPMG ၊ Milliman နဲ့ PwC စသည့် အထင်ကရ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေက အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ကြပါသည်။
GGI Nippon Life ကို ဆုချီးမြှင့်ခဲ့တဲ့ Insurance Asia Awards ဟာ အာရှပစိဖိတ် ဒေသတွင်းနိုင်ငံများရှိ အာမခံကုမ္ပဏီများရဲ့ ဈေးကွက်အတွင်း စိန်ခေါ်မှုအမျိုးမျိုးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တဲ့ အာမခံကုမ္ပဏီ တွေကို နှစ်စဉ်ဂုဏ်ပြုတဲ့ ထိပ်တန်းအဆင့် ဘဏ္ဍာရေးနှင့် အာမခံထုတ်ဝေရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။
GGI အနေနဲ့လည်း ၂၀၁၉ ခုနှစ်က စတင်ပြီး ဂျပန်နိုင်ငံရဲ့ အသက်အာမခံလုပ်ငန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ Nippon Life နှင့်လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး Nippon Life ၏ နိုင်ငံတကာအတွေ့အကြုံများနှင့် GGI ရဲ့ ပြည်တွင်းအတွေ့အကြုံများပူးပေါင်းကာ မြန်မာပြည်သူတွေအတွက် အရည်အသွေးအမြင့်ဆုံး အကောင်းဆုံး အသက်အာမခံဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တာကြောင့်လည်း အခုလို (၂) နှစ်ဆက်တိုက် ဆုတွေ ရရှိခဲ့တာလည်းဖြစ်ပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ လူတစ်ဦးစီမှာ သူတို့ရဲ့မိသားစု၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးကိစ္စရပ်တွေမှာ အဆင်ပြေချောမွေ့နေစေဖို့ အကာအကွယ်ပေးမယ့် အာမခံလုပ်ငန်းတွေကို လိုအပ်လာပါတယ်။
ဒါကြောင့် GGI Nippon Life အနေနဲ့ မြန်မာနိုင်ငံအနှံအပြားမှာ GGI Nippon Life ရုံးချုပ်နှင့် ရုံးခွဲများမှ အာမခံကျွမ်းကျင် ဝန်ထမ်းများက ကမ္ဘာအဆင့်မှီ အသက်အာမခံ များ ကိုဝန်ဆောင်မှုပေးဖို့လည်း အဆင့်သင့်ရှိနေပြီဖြစ်ပါတယ်။
GGI Nippon Life ၏ မြန်မာနိုင်ငံအတွင်း ရုံးချုပ်နှင့် ရုံးခွဲများမှ အသက်အာမခံအမျိုးအစားများစွာကို မြန်မာပြည်သူ/ပြည်သားများ အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်၊
GGI Nippon Life မှ ဝန်ဆောင်မှုပေးလျှက်ရှိသည့် အသက်အာမခံအမျိုးအစားများမှာ -
- မိဘမေတ္တာပညာရေးအာမခံ
- ကျန်းမာရေးအာမခံ
- ချေးငွေပေးဆပ်မှုအကာအကွယ်အသက်အာမခံ
- စိတ်ကြိုက်စုငွေအသက်အာမခံ
- ဘဝလုံခြုံမှု စုငွေအာမခံ
- မိသားစုအကာအကွယ်စုငွေအသက်အာမခံ
- ခရီးသွားအာမခံ
- လွယ်ကူမြန်ဆန် အသက်အာမခံ
- လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှု အာမခံ
- ပြင်းထန်သောရောဂါကုသမှုအသက်အာမခံ
- လုပ်သားပြည်သူအသက်အာမခံ
- စုပေါင်းအသက်အာမခံ
Grand Guardian Nippon Life Insurance Co.,Ltd အကြောင်း အကျဉ်းဖော်ပြချက်
GGI သည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ အာမခံနယ်ပယ်မှာ ဂုဏ်သိက္ခာရှိစွာနှင့် အယုံကြည်ရဆုံးသော အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။
GGI သည် ၂၀၁၉ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ အသက်အာမခံလုပ်ငန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ Nippon Life နှင့် လက်တွဲပူးပေါင်းခဲ့သည်။
GGI Nippon Life ဝန်ဆောင်မှုပေးနေသည့် နေရာများ၊ အာမခံဝန်ဆောင်မှုများနှင့် အသေးစိတ်အချက်အလက် များကို သိရှိလိုပါက www.gginipponlife.com (သို့) https://www.facebook.com/gginl မှာ ဝင်ရောက် လေ့လာနိုင်ပါသည်။
GGI Nippon Life ၏မူဝါဒ
မြန်မာပြည်တွင်နေထိုင်သူများအား အကာအကွယ်ပေးရန် နှင့်အထောက်အပံ့ပေးရန်အတွက် ဂုဏ်သိက္ခာရှိစွာ ဂရုပြုဆောင်ရွက်ပေးခြင်း ၊ မေတ္တာဂရုဏာဖြင့်စာနာ ရိုင်းပင်းကူညီခြင်းများဖြင့် ကမ္ဘာအဆင့်မှီ အသက်အာမခံ များ ကိုဝန်ဆောင်မှုပေးရန်။
GGI Nippon Life ၏ မျှော်မှန်းချက်
မြန်မာပြည်တွင်နေထိုင်ကြသူများအတွက် ခွန်အားနှင့်အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေရန် ပိုမို ကောင်းမွန် ပြီး အကျိုးဖြစ်ထွန်းစေမည့်ပတ်ဝန်းကျင်ကောင်းတစ်ခုပြုစုပျိုးထောင်ရာတွင်အထောက်အကူပြုစေရန်။