သိန်းတစ်သောင်းခွဲဆုကြီး တစ်ဆုကိုသာကံထူးခဲ့တာပါ။

ယခုလ ဇန်နဝါရီလ (၁)ရက်နေ့ကထွက်ရှိတဲ့ အောင်ဘာလေထီဆုရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုရှင်ဟာ ထီမထွက်ခင်ရက်ပိုင်းအလို ဒီဇင်ဘာလ(၃၀)ရက်နေ့ကထွက်ရှိတဲ့ ချဲဂဏန်းကို (၈၀၀၀)ဖိုးပေါက်ခဲ့သလို နောက်ထပ် တခြားထီဆိုင်ကလည်း ကျပ်သိန်း(၁၀၀၀)ထပ်ပြီးကံထူးခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာသတင်းတွေ ပျံ့နှံ့လျှက်ရှိပါတယ်။

ဒီသတင်းဟာ လုံးဝမဟုတ်သလို သတင်းအမှားဖြန့်ဝေတဲ့ သူတွေကိုလည်း မဟုတ်မမှန်သတင်းတွေမဖြန့်ဖို့ကံထူးရှင်မိသားစုကပြောပါတယ်။ 

“ သိန်းတစ်သောင်းခွဲထီဆုကလွဲပြီး တခြားဘာဆုမှထပ်မပေါက်ပါဘူး။ ကျွန်မတို့က အခုပေါက်တဲ့ထီဆိုင်ကလွဲပြီး တခြားဘယ်ဆိုင်ကမှလည်းမထိုးဘူး။ အခုလိုသတင်းအမှားတွေမတင်ကြပါနဲ့။ အခုသတင်းတွေကလည်းအမှန်မဟုတ်ဘူးဆိုတာကို ကျွန်မတို့ပေါက်တဲ့ ထီကိုယ်စားလှယ်ကြီးကိုလည်း သတင်းအမှန်ပြန်တင်ပေးဖို့ပြောထားပါတယ်” လို့ သိန်းတစ်သောင်းခွဲကံထူးရှင် မအေးအေးမိုးက Duwun ကိုပြောပါတယ်။ 

photo- Ko Thein Hlaing

လက်ရှိမှာ သိန်းတစ်သောင်းခွဲကံထူးရှင်မိသားစုက ဆုကြေးငွေထုတ်ရင်းနဲ့ ထီပေါက်တဲ့ထီဆိုင်က ထီကိုယ်စားလှယ်နဲ့အတူ ရန်ကုန်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ(၃)ရက်နေ့ကတည်းက ရန်ကုန်ကိုရောက်ရှိနေတာဖြစ်ပြီး ရောက်တဲ့နေ့ကတည်းကပဲ ဆုကြေးငွေထုတ်ပြီးပြီလို့ မအေးအေးမိုးကပြောပါတယ်။ ဇန်နဝါရီလ(၁)ရက်နေ့က ထွက်ရှိတဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို မြိတ်မြို့က ကိုဂျပန်၊ မအေးအေးမိုးတို့ မိသားစုက ရတနာသိန်းထိုက်အောင်ထီဆိုင်ကနေ ကံထူးနံပတ် (င- ၂၀၄၅၈၈ ) နံပတ်နဲ့ ကံထူးခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က