Dark Mode ၊ Sign In With Apple System စသည်

Apple ရဲ့ OS ဗားရှင်းသစ်တွေကို ကြေညာနေကျ WWDC 2019 ပွဲကြီးကတော့ ဇွန်လ ၃ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပနေပြီ ဖြစ်ပါတယ်။

         ဒီပွဲမှာ Apple ဟာ iOS 13 ၊ iPadOS 13 ၊ tvOS 6 ၊ watchOS 6 နဲ့macOS 10.15 တို့ကို beta ဗားရှင်းတွေအနေနဲ့ကြေညာထားပါတယ်။ မိုဘိုင်း OS ပလက်ဖောင်းဗားရှင်းသစ်အဖြစ် ထွက်လာတဲ့ iOS 13 ဟာ ဒီနှစ်ဆောင်းတွင်းပိုင်း iPhone တွေမှာ update တင်နိုင်မှာ ဖြစ်ပြီး Dark Mode အပါအဝင် features သစ်တွေ ပါလာပါတယ်။

Photo: 9to5Mac

         iOS 13 ဟာ app တွေ ကို ဖွင့်ရာမှာ အရင် iOS 12 ရှင်းထက် ၂ ဆပိုမြန်မှာ ဖြစ်ပြီး Face ID လုပ်ဆောင်ချက်ကိုလည်း၃၀% ပိုမြန်အောင် မြှင့်ထားပါတယ်။ နောက်ထပ် feature သစ်အနေနဲ့ပါလာတာတစ်ခုက Dark Mode ဖြစ်ပါတယ်။ Dark Mode ဟာ iPhone နဲ့iPad OS တွေမှာ သုံးနိုင်မှာ ဖြစ်ပြီး ဖုန်းမှာ တစ်ခါတည်း ပါလာတဲ့ native apps တွေဖြစ်တဲ့ noti ၊ widgets ၊ calendar နဲ့notes စတဲ့ app တွေမှာ သုံးနိုင်တော့မှာပါ။

         third-party app developers တွေဟာလည်း သူတို့ရဲ့ app တွေမှာ Dark Mode နဲ့ပေါင်းစည်းနိုင်ပြီး ဒီ features ကို ညနေနေဝင်ချိန်မှာ သူ့အလိုအလျောက် ပွင့်စေနိုင်သလို အချိန်ကာလတစ်ခုခု သတ်မှတ်ပြီးလည်း On ထားနိုင်ပါတယ်။ iOS 13 မှာပဲ Quick Path keyboard လို့ခေါ်တဲ့ swipe typing လုပ်နိုင်မယ့် stock iOS keyboard တစ်ခု ထည့်ထားတာကြောင့် လက်တစ်ဘက်တည်းနဲ့iPhone မှာ စာရိုက်သူတွေအတွက် စာလုံးတွေပေါ် ဆက်တိုက် Swipe လုပ်ပြီး စာရိုက်နိုင်တော့မှာပါ။



         iOS keyboard မှာ နောက်ထပ် အသစ်တိုးလာတာတစ်ခုက Memoji တွေ ပါလာတာ ဖြစ်ပြီး Messages ၊ Mail နဲ့တစ်ခြား apps တွေမှာလည်း သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးပိုင်းမှာ WiFi Network ကို Control Center ကနေ ရွေးနိုင်တဲ့ စနစ်ပါလာပါတယ်။ privacy အနေနဲ့နောက်ကွယ်က ခြေရာခံတဲ့ Tracking တွေကို အသိပေးတာ ၊ ဘယ် app က ကိုယ့်ရဲ့ Locationn ကို ယူသုံးနေတာ စတာတွေကို အသေးစိတ်ပြတော့မှာပါ။

         နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက app တွေထဲကို Apple account နဲ့လွယ်လင့်တကူ sign in ဝင်နိုင်မယ့် Sign in With Apple System ပါလာတာ ဖြစ်ပါတယ်။ Sign in With Apple System feature ကို သုံးဖို့အတွက် Face ID နဲ့TouchID တစ်ခုခုနဲ့Authenticate လုပ်ထားဖို့လိုသလို နှစ်ဆင့်ခံ လုံခြုံရေးစနစ် Two-Factor Authentication စနစ်လညး ဖွင့်ထားဖို့လိုပါတယ်။

Photo: vcanews

         ဒါဆိုရင် Apple ဟာ app ကို ID တစ်ခု လှမ်းပို့မှာပါ။ တကယ်လို့app ကနေ ကိုယ့်ရဲ့ email လိပ်စာတောင်းတယ်ဆိုရင် Apple ကနေ ပို့ပေးထားတဲ့ ID ကို ဖြစ်စေ ကိုယ့်ရဲ့ အီးမေးလ်လိပ်စာအစစ်ကို ဖြစ်စေ ပို့ပေးနိုင်မှာပါ။ iOS 13 ဟာ ဒီနှစ်ကုန်ပိုင်းမှာ အမေရိကန်နိုင်ငံ မြေပုံသစ်အပြည့်အစုံ ပါလာမယ့် Maps app ပါလာမှာ ဖြစ်လို့လမ်းတွေ နေရာတွေကို ပိုပြီး အသေးစိတ် အတိအကျ ပြသနိုင်တော့မှာ ဖြစ်ပါတယ်။

         iOS 13 Beta ဟာ လာမယ့် ဇူလိုင်လထဲမှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး စက်တင်ဘာလထဲမှာ iOS 13 ကို iPhone 6s/6s Plus ရဲ့ နောက်ပိုင်းထွက် iPhone အားလုံး နဲ့iPhoen SE ၊ iPod Touch (7th Gen) တို့မှာ တင်နိုင်မှာပါ။ 

Share

Loading Next Article...
က္က