mouse support ပါလာတော့မှာပါ

ဈေးကွက်ထဲ iPad တွေ ဝင်လာတာ ဒီနှစ်နဲ့ဆို ၉ နှစ်ရောက်လာပြီ ဖြစ်ပြီး အခုချိန်မှာ iPad တွေအတွက် ကိုယ်ပိုင် OSကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

         mouse support ပါလာတဲ့ iPadOS 13 သစ်အဖြစ် Apple ဟာ အကြီးအကျယ် ပြောင်းလဲ လုပ်တာ ဖြစ်ပြီး USB နဲ့Bluetooth devices တွေအတွက် mouse support ပေးထားတာပါ။ ဒါကြောင့်ပဲ USB mouse တို့Apple ရဲ့ Magic TrackPad တို့နဲ့iPad ကို ချိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်။ iPadOS 13 ဟာ လက်ပ်တော့တွေနေရာမှာ အစားထိုးနိုင်မယ့် တက်ဘလက်တစ်လုံးလို လုပ်ဆောင်စေမယ့် စနစ်လို့ဆိုနိုင်ပါတယ်။

Photo: wccftech

         Apple ဟာ iPadOS 13 မှာ AssistiveTouch feature အနေနဲ့သုံးနိုင်မယ့် feature ထဘ့်ထားပြီး လက်ချောင်းအထိအတွေ့ကို တုပပြီး ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ homescreen မှာလည်း ကျစ်လျစ်တဲ့ icon ဖွဲ့စည်းမှုနဲ့လာပြီး widgets တွေ support ပေးထားပါတယ်။ iPadOS သစ်မှာ အောက်ခြေကနေ Swipe လုပ်ပြီး နောက်ထပ် app တစ်ခုကို Window mode နဲ့ဖွင့်နိုင်မယ့် Slideover စနစ် ၊ Screen ကို ခွဲပြီး သုံးနိုင်မယ့် Split screen လို gestures များလည်း ပါဝင်လာပါတယ်။

         iPadOS သစ်နဲ့အတူ Apple ဟာ Safari browser ကိုလည်း အဆင့်မြှင့်တင်ထားပြီး သီးသန့်Download Manager တစ်ခု ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Keyboard Shortcuts ပေါင်း ၃၀ လည်း ပါလာပြီ ဖြစ်ပါတယ်။ gesture တွေအနေနဲ့လက်ချောင်း သုံးချောင်း ထောက်ထားတာနဲ့Copy/Paste လုပ်နိုင်မယ့် စနစ် ၊ လက်ချောင်း သုံးချောင်းနဲ့Swipe လုပ်တာနဲ့Undo ဖြစ်စေမယ့် gesture များ ပါလာပါတယ်။

         Apple Pencil ကလည်း သုံးစွဲချိန် ကြန့်ကြာမှု latency ကို 20ms ကနေ 9ms ကို လျှော့ချထားတယ်လို့Apple က ကြေညာထားပါတယ်။ Apple ရဲ့ နှစ်စဉ်ကျင်းပနေကျ WorldWide Developers Conference WWDC ပွဲမှာ iPadOS ကို ကြေညာခဲ့တာ ဖြစ်ပြီး Apple ဟာ ဒီ OS သစ်ကို ၂၀၁၉ နှစ်ဆန်းပိုင်းက ဖြန့်ချိထားတဲ့ iPad Air 2 နဲ့iPad Mini နဲ့iPad Pros များ ၊ ၂၀၁၇ နဲ့၂၀၁၈ iPad များ နဲ့iPad Mini 4 မော်ဒယ်များမှာ အခမဲ့ ဆော့ဖ်ဝဲလ် update အနေနဲ့လာမယ့်ဆောင်းဦးပိုင်းမှာ ဖြန့်ချိသွားမယ်လို့CNET သတင်းမှာ ဖော်ပြထားပါတယ်။


Photo: Apple Insider

         iPadOS 13 မထွက်ခင်က iPad နဲ့iPhone တွေဟာ iOS mobile OS ကိုပဲ သုံးခဲ့တာ ဖြစ်ပြီး လက်ရှိမှာ iPadOS သီးသန့်ထွက်လာပြီ ဖြစ်သလို iPhone တွေအတွက်လည်း iOS 13 ကြေညာထားပြီ ဖြစ်ပါတယ်။ iPad users အတော်များများဟာ cursor support ပေးဖို့နှစ်အတန်ကြာကတည်းက တောင်းဆိုထားတာ ဖြစ်လို့အခု iPadOS သစ်ကြောင့် iPad သုံးစွဲမှုအပေါ် သက်ရောက်မှု ရှိလာမယ်လို့လည်း မျှော်လင့်ရပါတယ်။

Share

Loading Next Article...
က္က