Downclock လည်း လုပ်ထားပါတယ်

5G support ပေးတယ်ဆိုတဲ့ အချက်နဲ့ ဖမ်းစားထားတဲ့ iPad Mini မှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။


ဆဌမမျိုးဆက် iPad Mini ဟာ 5G ချိတ်ဆက်မှု ပထမဆုံးရလာတဲ့ ဆယ်လူလာမော်ဒယ် iPad ဖြစ်ပေမယ့် sub-6 GHz ပဲ support ပေးထားတယ်လို့ MacRumors သတင်းက ဆိုပါတယ်။ sub-6GHz 5G ဟာ mmWave ထက်စာရင် ပိုနှေးကွေးပြီး ကျေးလက်နဲ့ မြို့ဆင်ခြေဖုံးနေရာမျိုးတွေမှာ လိုင်းဝေးဝေး မိအောင် signal တွေ လွှင့်နိုင်ပါတယ်။ mmWave ဟာ သိပ်မဝေးတဲ့ အကွာအဝေးမှာ Ultra-Fast Speeds နဲ့ ဆက်သွယ်နိုင်တာ ဖြစ်လို့ လူနေသိပ်သည်းတဲ့ မြို့ပြဧရိယာတွေနဲ့ ပိုသင့်တော်ပါတယ်။ 




Photo: The Verge

iPad Mini အတွက် ဆယ်လူလာဗားရှင်းမှာ ပေးထားတဲ့ 5G ကွန်ရက်ဟာ လှိုင်းနိမ့်နဲ့ လှိုင်းလတ် low and mid band 5G ပံ့ပိုးလာတာပါ။ mmWave 5G ကို လက်ရှိမှာ iPhone 13 ၊ iPhone 12 နဲ့ ဆယ်လူလာဗားရှင်း ၁၁ လက်မ ၊ ၁၂.၉ လက်မ iPad Pro တွေမှာပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ iPad Mini သစ်မှာ mmWave 5G မရပေမယ့် iPhone 12 နဲ့ဆယ်လူလာ iPad Pro မော်ဒယ်တွေထက် စာရင် 5G bands ပိုများအောင် support ပေးနိုင်မယ်လို့ Apple က ဆိုပါတယ်။ 

နောက်ထပ် ဆက်စပ်သတင်းအရ iPad Mini သစ်ဟာ iPhone 13 လိုမျိုး A15 Bionic processor သစ်ကို သုံးထားပေမယ့် clock speed လျှော့ထားတယ်လို့ MacRumors သတင်းက ဖော်ပြထားပါတယ်။ A15 Bionic Chipset သုံးထားတာချင်းအတူတူ iPhone 13 မော်ဒယ်တွေဟာ 3.2GHz ရပြီး iPad Mini မှာတော့ 2.9GHz အထိ Downclock လုပ်ထားတယ်လို့ ဆိုပါတယ်။ 

iPad Mini (64GB-WiFi) မော်ဒယ်ကို ၄၉၉ ဒေါ်လာ (လက်ရှိပေါက်ဈေး မြန်မာငွေ ၁၀ သိန်းခန့်) နဲ့ Apple အွန်လိုင်းစတိုးတွေမှာ pre-order မှာနိုင်မှာ ဖြစ်ပြီး Cellular မော်ဒယ် ဝယ်မယ်ဆို နောက်ထပ် ဒေါ်လာ၁၅၀ (မြန်မာငွေ ၃ သိန်းခန့် ) ပိုကုန်ကျမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က