iPhone 7 က စပြီး 3.5mm headphone jack မသုံးတော့တဲ့ Appleဟာ ၂၀၁၈ မော်ဒယ် iPad Pro သစ်တွေမှာလည်း ဒီအပြောင်းအလဲကို သုံးသွားဖို့ရှိပါတယ်။
photo: 9to5Mac
မျက်နှာပြင် ၁၀.၅ လက်မနဲ့၁၂.၉ လက်မiPad Pro မော်ဒယ်ဟာ လက်ရှိမော်ဒယ်တွေထက် ဘေးဘောင်ပိုပါးပြီး display ပိုင်းမှာတော့ iPhone X လို notch display ကို သုံးဖို့တော့ မရှိသေးပါဘူး။ ၂၀၁၈ ထုတ် iPad Pro တွေမှာ နားကြပ်ပေါက် ဖြုတ်ထားပေမယ့် Lightning connector ထားတဲ့ ပုံစံတော့ ပြောင်းသွားမှာပါ။
iPad Pro မှာ သုံးမယ့် ကီးဘုတ်အတွက် စမတ် connector ဟာ Lightning connectore နံဘေး အောက်ခြေနားရောက်သွားမှာ ဖြစ်ပြီး တက်ဘလက်ကို ဒေါင်လိုက်မှာပဲ သုံးလို့ရအောင် ဒီဇိုင်းထုတ်သွားဖို့ရှိပါတယ်။ Macotakara သတင်းအရ iPad Pro ဟာ Smart Keyboard ကို ထောင်လိုက်ပဲ သုံးနိုင်ဖို့ရှိနေပါတယ်။
iOS 12 beta နဲ့အတူ ထွက်ပေါ်လာခဲ့တဲ့ အချက်အလက်များအရ iPad သစ်တွေဟာ Face ID လုံခြုံရေးစနစ် သုံးလာဖို့ရှိုပြီး ဒီ feature ဟာ တက်ဘလက်ကို အလျားလိုက်အနေအထား landscape mode မှာ အလုပ်မလုပ်ဘူးလို့လည်း ဆိုပါတယ်။
လက်ရှိ iPad Pro စီးရီးတွေမှာ Home Button နဲ့TouchID လက်ဗွေဖတ်စနစ်သုံးထားတာ ဖြစ်လို့FaceID ပြောင်းသုံးမယ်ဆိုရင် Home Button နဲ့TouchID ကို မြင်ရတော့မှာ မဟုတ်ပါဘူး။ ဒီနှစ်ထဲ မိတ်ဆက်သွားမယ့် iPhone သစ် ၃ မျိုးစလုံးဟာလည်း Face ID ပါလာဖို့ရှိပြီး TouchID ကို ဖျောက်သွားဖို့ရှိပါတယ်။
photo: redmondpie
Apple ရဲ့ iPhone ၊ iPad နဲ့တစ်ခြားထုတ်ကုန်သစ်များကို စက်တင်ဘာလဆန်းပိုင်းမှာ မိတ်ဆက်နေကျဖြစ်ပါတယ်။ ဒီနှစ်မှာလည်း iPhone သစ်များနဲ့iPad များကို ကြေငြာသွားမယ့် စက်တင်ဘာလကို စောင့်မျှော်ရဦးမှာပါ။