ကင်မရာနဲ့ကာလာက အဓိက ဖြစ်နေပါတယ်

စက်တင်ဘာ ၁၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမှာ ရှိတဲ့ Apple ရုံးချုပ်မှာ iPhone သစ် သုံးမျိုးကို ကြေညာသွားခဲ့ပါတယ်။ ကမ္ဘာပေါ်က လူကြိုက်အများဆုံး ဖုန်း brand ကြီးတွေထဲက တစ်ခု ဖြစ်တဲ့ iPhone မိတ်ဆက်ပွဲကနေ ကျွန်တော်တို့ဘယ်လို စိတ်ဝင်စားစရာတွေ မြင်ခဲ့ရပြီလဲ။

ဒီနှစ်ထဲ ထွက်လာတဲ့ iPhone သစ်တွေဟာ သတင်းထွက်ခဲ့တဲ့ အတိုင်း iPhone 11 ၊ iPhone 11 Pro နဲ့iPhone 11 Pro Max နာမည်တွေနဲ့ထွက်လာခဲ့တာ ဖြစ်ပြီး စတုရန်းကွက်ပုံစံ multiple rear ကင်မရာတွေ နဲ့A13 Bionic processor သစ်တွေ သုံးလာခဲ့တာပါ။ စက်တင်ဘာ ၁၃ ရက် သောကြာနေ့မှာ pre-order မှာနိုင်မယ့် ဒီဖုန်းတွေဟာ ၆၉၉ ဒေါ်လာ ၊ ၉၉၉ ဒေါ်လာနဲ့၁၀၉၉ ဒေါ်လာဈေးတွေနဲ့စတင်ရောင်းချသွားမယ်လို့ဆိုတာကြောင့် iPhone 11 ဟာ iPhone XR ထက် ဒေါ်လာ ၅၀ သက်သာတာ တွေ့ရပါတယ်။

Photo: Engadget


iPhone 11 စီးရီးဟာ ၂၀၁၈ မော်ဒယ် iPhone XR/XS နဲ့XS Max တို့နဲ့screen size တစ်ပုံစံတည်း ဖြစ်ပြီး ကင်မရာ အပြောင်းအလဲက အထူးခြားဆုံးပါ။ iPhone သစ် အားလုံးဟာ 12MP ကင်မရာတွေပဲ သုံးထားပြီး ၁၂၀ ဒီဂရီ ultra-wide ကင်မရာနဲ့tele ကင်မရာတွေ ပါလာပါတယ်။ အနိမ့်ဆုံးမော်ဒယ် iPhone 11 ဟာ ခရမ်း ၊ အဖြူ ၊ အစိမ်း ၊ အဝါ ၊ အနက်နဲ့အနီ ကာလာ ၆ ရောင်နဲ့လာပြီး မျက်နှာပြင် ၆.၁၁ လက်မ Retina Display နဲ့လာပါတယ်။

Photo: trustedreviews


အခုနှစ် ထွက်တဲ့ iPhone အားလုံးဟာ ကင်မရာ ၂ လုံးတွဲနဲ့၃ လုံးတွဲ စနစ်တွေသုံးလာခဲ့တာပါ။ iPhone 11 ဟာ ကျောဘက်မှာ 2x optical zoom ဆွဲနိုင်မယ့် 12MP tele lens နဲ့၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုုက်ကူးနိုင်မယ့် 12MP ultra wide ကင်မရာ ပါလာပါတယ် ။ ကင်မရာပိုင်းမှာ Apple အသားပေးတာက Night Mode သစ် နဲ့4K ဗွီဒီယိုကို 60fps နဲ့ရိုက်ကူးနိုင်မယ့် စနစ်ပါ။

ဘက်ထရီမှာ iPhone XR ထက် ၁ နာရီကြာ ပိုခံမယ်လို့ဆိုပါတယ်။ ရှေ့ကင်မရာကလည်း 12MP ပါ။ iPhone 11 Pro နဲ့iPhone 11 Pro Max တို့ဟာ iPhone သမိုင်းမှာ ပထမဆုံး ကျောဘက် ကင်မရာ ၃ လုံးစနစ် သုံးတဲ့ ဖုန်းတွေ ဖြစ်လာပါတယ်။ Super Retina XDR display နဲ့လာပြီး သုံးထားတဲ့ မှန်တွေဟာ အကြမ်းခံဆုံး မှန်အမျိုးအစားတွေလို့ဆိုပါတယ်။




ကျောဘက်ကင်မရာ ၃ လုံးထဲမှာ wide ကင်မရာနဲ့tele ကင်မရာတို့ဟာ OIS ရုပ်ငြိမ်စနစ်တွေ ပါပြီး ultra-wide lens ကင်မရာလည်း ပါလာပါတယ်။ ရုပ်သံရိုက်ကူးမှုမှာ ကင်မရာနှစ်လုံးကို တစ်ပြိုင်တည်း သုံးပြီး ရိုုက်နိုင်မယ့် Filmic Pro သစ်လည်း ပါလာပါတယ်။ ဘက်ထရီပါဝါမှာ iPhone 11 Pro ဟာ iPhone XS ထက် ၄ နာရီကျော် ၊ iPhone 11 Pro Max က iPhone XS Max ထက် ၅ နာရီကျော် ပိုပြီး သက်တမ်းခံမယ်လို့ဆိုပါတယ်။

iOS 13 သစ် ပါလာတာ ၊ FaceID ပိုသွက်လာပြီး angle ပုံစုံစုံလင်လင်နဲ့ဖမ်းနိုင်တာနဲ့ WiFi 6 support ပေးလာတာရယ်ကိုလည်း တွေ့ရပါတယ်။ ကာလာအနေနဲ့iPhone 11 Pro နဲ့11 Pro Max ဟာ Midnight Green ၊ Space Gray ၊ Silver နဲ့Gold ကာလာတွေနဲ့ထွက်ထားသလို ဖုန်းဟောင်းတွေနဲ့trade-in အလိုက်ပေးလဲမယ့် အစီအစဉ်လည်း လုပ်ထားပါတယ်။

Share

Loading Next Article...
က္က