Fast Company က iPhone ကို crack ဖို့ အစီအစဉ်တွေ ဆွဲထားပါတယ်

ဖက်ဒရယ်စုံစမ်းထောက်လှမ်းရေး ဗြူရို FBI ဟာ သံသယရှိသူတစ်ယောက် ကိုင်တဲ့ iPhone ထဲက အချက်အလက်တွေကို Apple ရဲ့ အကူအညီမပါဘဲ ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

FBI ဟာ ယူကရိန်းနဲ့ သမ္မတဒေါ်နယ်ထရမ့်အကြား စွပ်စွဲပြစ်တင်မှုမှာ ပါဝင်တဲ့ ထရမ့်ရဲ့ ရှေ့နေ ရူဒီဂူလိုင်ယာနီရဲ့ တွဲဖက်ဟောင်း လိဗ်ပါနားစ်ကိုင်တဲ့ iPhone 11 ထဲ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ဖို့ အချိန် ၂ လနီးပါး ကြိုးစားခဲ့ရတယ်လို့ Gizmodo သတင်းက ဖော်ပြထားပါတယ်။ လိဗ်ပါနားစ်ဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒု-သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ မိသားစုနဲ့ ယူကရိန်းမှာ ရှိတဲ့ လုပ်ငန်းတွေ စုံစမ်းပေးဖို့



ယူကရိန်းသမ္မတကို ဖိအားပေးခဲ့သူအဖြစ် စွပ်စွဲခံထားရပါတယ်။


Photo: iPhonehacks

အမေရိကန်ခရိုင်တရားသူကြီး ပေါလ်အုတ်ကန်ကို ပေးပို့တဲ့ စာမှာ ပါနားစ်ဟာ သူ့ရဲ့ iPhone 11 စကားဝှက်ကို FBI ဆီ ပေးဖို့ ငြင်းဆန်ကြောင်း ပြောထားပါတယ်။ Apple အနေနဲ့ သူ့ထုတ်ကုန်ကို ကိုင်ဆောင်သူတစ်ဦးရဲ့ iPhone ကို လော့ခ်ဖြည်ပေးဖို့ ငြင်းဆန်တာကြောင့် FBI ဟာ Apple ရဲ့ အကူအညီမပါဘဲ iPhone ကို ကိုယ်တိုင် လော့ခ်ဖြည်ခဲ့ရတာပါ။

FBI ဟာ iPhone 11 ကို crack ‌နောက်ဆုံးပေါ် နည်းပညာနဲ့ hardware ပစ္စည်းများ သုံးပြီး ၂ လနီးပါး ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ Bloomberg နဲ့ Forbes သတင်းတွေအတရ FBI ဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အမှုနှစ်ခုမှာ သက်သေခံအဖြစ် ပါဝင်လာတဲ့ iPhone 11 ဖုန်းနှစ်လုံးကို ကိုယ်တိုင် unlock လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးပြိုင်ဘက် ဒု-သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းက လုပ်ငန်းတွေ စုံစမ်းပေးဖို့ ဖိအားပေးမှုမှာ ပါဝင်တဲ့ ရှေ့နေ ရူဘင်ဂူလိုင်ယာနီရဲ့ အမှုတွဲ လိဗ်ပါနားစ်ကိုင်တဲ့ iPhone 11 ပါ။ နောက်တစ်ခုကတော့ အကိုဖြစ်သူ ရာဇဝတ်သားကို အမေရိကန်ကနေ ထွက်ပြေးအောင် ကူညီခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဘားရစ်အလီကို့ချ်ရဲ့ iPhone 11 Pro Max ဖြစ်ပါတယ်။

ဒေါ်လာ ၁၀ သန်းတန် iPhone cracking lab (Photo: 9to5 Mac)

FBI ဟာ ၂၀၁၅ ဒီဇင်ဘာလဆန်းပိုင်းက ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့က ဒါဇင်နဲ့ ချီတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုရဲ့ တရားခံ ဆစ်ဒ်ရဇ်ဝမ်ဖာရွတ်ခ် ကိုင်ဆောင်တဲ့ iPhone 5c ကို လော့ခ်ဖြည်ပေးဖို့ Apple ကို တောင်းဆိုခဲ့ပေမယ့် ကုမ္ပဏီဘက်ကတော့ သုံးစွဲသူတွေရဲ့ privacy နဲ့ security ကို ဦးစားပေးတဲ့ မူကြောင့် ငြင်းဆန်ခဲ့ပါတယ်။

FBI ဟာ iPhone 5c ကို လော့ခ်ဖြည်ဖို့အတွက် ဒေါ်လာ ၉ သိန်း အထိ အကုန်အကျခံခဲ့ရတယ်လို့ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒိုင်ယာနီးဖိန်းစတိန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ နယူးယော့အခြေစိုက် Fast Company ဟာ Apple ထုတ် iPhone နဲ့ တစ်ခြား gadgets တွေထဲက အချက်အလက်တွေကို ဝင်ရောက် ရယူနိုင်ဖို့ ဒေါ်လာ ၁၀ သန်းတန် Cyber Lab တစ်ခု တည်ထောင်သွားမယ်လို့ ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က