mini နဲ့ Max မော်ဒယ်တွေ မပါပါဘူး

iPhone 12 နဲ့ iPhone 12 Pro ပိုင်ရှင်တချို့မှာ ကြုံနေတဲ့ Speaker ချို့ယွင်းမှုကို Apple က Free ပြန်ပြင်ပေးသွားမယ်လို့ ဆိုပါတယ်။ 

ဖုန်းခေါ်နေစဉ် Receiver ဆီက အသံထွက်မလာတဲ့ ထုတ်ကုန်တွေအတွက် Service Program သစ်တစ်ခု စတင်လိုက်တာပါ။ Receiver module ထဲက ပစ္စည်းတစ်ခု ချို့ယွင်းချက်ကြောင့် အသံမလာတဲ့ပြဿနာကို ၂၀၂၀ အောက်တိုဘာကနေ ၂၀၂၁ ဧပြီလအတွင်း ထုတ်လုပ်ခဲ့တဲ့ ဖုန်းအရေအတွက်အနည်းငယ်မှာ ကြုံခဲ့တာဖြစ်တယ်လို့ Apple ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 



Photo: GSMArena

အခမဲ့ Service Program မှာ iPhone 12 နဲ့ iPhone 12 Pro တို့ပဲ အကျုံးဝင်မှာ ဖြစ်ပြီး iPhone 12 Mini နဲ့ iPhone 12 Pro Max တို့တော့ ပါဝင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ Apple ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖုန်းခေါ်နေစဉ် Receiver ကနေ အသံမထွက်တဲ့ ဖုန်းတွေဟာ Apple Authorized Service Provider ဆီက အခကြေးငွေ ပေးစရာမလိုဘဲ Service ပြင်နိုင်မယ်လို့ ဖော်ပြထားပါတယ်။ 

ဒီအစီအစဉ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လုပ်ဆောင်တာ ဖြစ်ပေမယ့် ဝယ်ယူရာနိုင်ငံမှာပဲ ပြင်ဖို့ ကန့်သတ်ဖွယ်ရှိပါတယ်။ Apple ဟာ မကြာသေးခင်ကပဲ ကိုယ့်ဘာသာ ဖုန်းပြင်ချင်သူတွေအတွက် အပိုပစ္စည်းနဲ့ ဖုန်းပြင်ဖို့ Tools တွေ ရောင်းချမယ့် Self-Service Repair Program တစ်ခု ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က