HarmonyOS နဲ့လာတာပါ

နောက်ဆုံးပေါ် iPhone ဒီဇိုင်းကို ပေါ်တင်ယူသုံးထားတဲ့ တန်ဖိုးနည်း Gionee ဖုန်းကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

iPhone 13 စတိုင် notch ဒီဇိုင်း နဲ့ လေးထောင့်ကျ Flat ဘောင် အပြင် စတုရန်းပုံကင်မရာအိမ်ထဲက ထောင့်ဖြတ်ကျ ကင်မရာနှစ်လုံး ထားတဲ့ပုံကအစ Gionee G13 Pro ဖုန်းမှာ တွေ့ရမှာပါ။ တရုတ်ဈေးကွက်မှာ ကြေညာလိုက်တဲ့ ဖုန်းဖြစ်ပြီး နောက်ထပ် ထူးခြားတာတစ်ခုက Huawei ရဲ့ HarmonyOS နဲ့ လာတာ ဖြစ်ပြီး HMS Ecosystem ကို အပြည့်အဝ သုံးလာတာပါပဲ။ 



Photo: GSMArena


iPhone 13 ပုံတူပွားဒီဇိုင်း သုံးထားတဲ့ ဒီဖုန်းဟာ မျက်နှာပြင်ဆိုဒ် ၆.၂၆ လက်မ FHD+ LCD Display နဲ့လာပြီး 19:9 Aspect Ratio ဘော်ဒီအချိုးနဲ့လာပါတယ်။ iPhone 13 စတိုင် notch ထဲမှာ 5MP Selfie ကင်မရာ ပါရှိပြီး Face Unlock စနစ်နဲ့လည်း ဖုန်းကို Unlock လုပ်နိုင်မှာပါ။ 

Processor အနေနဲ့ Unisoc T310 Chipset သုံးထားပြီး RAM 4GB နဲ့ 32/128GB Storage ဆိုပြီး ဗားရှင်းတွေ ရှိပါတယ်။ ကျောဘက်မှာ 13MP Main Sensor နဲ့ 2MP Macro Lens တို့ သုံးထားပါတယ်။ ဘက်ထရီပါဝါ 3500 mAh ဖြစ်ပြီး USB-C port နဲ့ အားသွင်းနိုင်မှာပါ။ 

အနက် ၊ အပြာ ၊ ရွှေနဲ့ ခရမ်းရောင် ဆိုပြီး ကာလာ ၄ မျိုးနဲ့ လာပါတယ်။ 32GB မော်ဒယ်ကို ၅၂၉ ယွမ် (မြန်မာငွေ ၁ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး 128GB ဗားရှင်းကို ၆၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခန့်) ဈေး သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က