၂၀၂၁ မတ်လမတိုင်ခင် အလုပ်ဝင်တဲ့ Apple Store ဝန်ထမ်းတွေဟာ လာမယ့်အောက်တိုဘာလထဲမှာ ဒေါ်လာ ၁၀၀၀ (မြန်မာငွေ သိန်း ၂၀ခန့်) ဘောနပ်စ်ရမယ်လို့ ဆိုပါတယ်။
Bloomberg သတင်းအရ ဒီနှစ် မတ်လမကုန်ခင် အလုပ်ဝင်တဲ့ Apple Store ဝန်ထမ်းတွေအတွက် ဒေါ်လာ ၁၀၀၀ စီနဲ့ ဒီနောက်ပိုင်းမှ အလုပ်ဝင်သူတွေအတွက် ဒေါ်လာ ၅၀၀ ဘောနပ်စ်ပေးသွားမယ်လို့ ဆိုပါတယ်။ အားလပ်ရပ် Shopping Season မှာ အလုပ်ခန့်ထားတဲ့ ဝန်ထမ်းတွေအတွက်တော့ ဆုကြေး ဒေါ်လာ ၂၀၀ ရရှိမှာပါ။ Apple Store ဝန်ထမ်းတွေအပြင် AppleCare ဝန်ထမ်းနဲ့ အွန်လိုင်းအရောင်းဘက်က ဝန်ထမ်းတွေကိုလည်း ဘောနပ်စ်တွေ ပေးသွားမယ်လို့လည်း ဆိုပါတယ်။
Photo: Bloomberg
အခုလို ကုမ္ပဏီတစ်ခုလုံး အတိုင်းအတာနဲ့ ဘောနပ်စ်ပေးတာဟာ ရှားတယ်လို့လည်း Bloomberg က ဆိုပါတယ်။ နောက်ဆုံးတစ်ခေါက် ဘောနပ်စ်များများပေးတဲ့အချိန်က ၂၀၁၈ ခုနှစ်ထဲမှာ Apple Store ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းအများစုကို ကန့်သတ်စတော့ယူနစ် ဒေါ်လာ ၂၅၀၀ ဖိုး ပေးခဲ့တာပါ။ အခွန်ကိစ္စအပြောင်းအလဲတွေဖြစ်ပြီးနောက် အရင်လို စတော့ခ်ယူနစ်ပေးတာမလုပ်တော့ဘဲ နိုင်ငံပြင်ပဘဏ်အကောင့်ကနေ ငွေသားပေးတာမျိုး လုပ်လာတယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် လက်လီအရောင်းဝန်ထမ်းတွေကို Apple က ဘောနပ်စ်ပေးလေ့ မရှိပါဘူး။ အခုတစ်ခေါက် ဘောနပ်စ်ပေးတာက ဝန်ထမ်းအင်အားမလုံလောက်မှု ဖြစ်ပြီးတဲ့နောက် ကုမ္ပဏီရဲ့ လက်လီဝန်ထမ်းတွေအတွက် ဆုကြေးချီးမြှင့်တာလည်း ဖြစ်ပါတယ်။ iPhone 13 မိတ်ဆက်တဲ့ အချိန်လည်း ဖြစ်သလို မကြာခင်မှာ အလုပ်များတော့မယ့် အားလပ်ရက်ဈေးဝယ်မှုကာလအတွက်လည်း အလုပ်ကြိုးစားချင်စိတ်ရှိအောင် ချီးမြှင့်တာလို့ ဆိုနိုင်ပါတယ်။