အရင်နှစ်ကလည်း ဒဏ်ရိုက်ခဲ့ပါ

ဘရာဇီးစားသုံးသူကာကွယ်ရေးအဖွဲ့ဟာ Apple ကို နောက်တစ်ကြိမ် ဒဏ်ရိုက်သွားမယ်လို့ ဆိုပါတယ်။

           အသစ်ထုတ်လိုက်တဲ့ iPhone 13 သစ်တွေမှာ အားသွင်းတုံး charger ပါမလာတာကြောင့် ဒဏ်ရိုက်သွားမှာပါ။ အခုလို charger မပါတဲ့ကိစ္စကြောင့် ဒဏ်ရိုက်တာ ဘရာဇီးအတွက် ဒါဟာ ပထမဆုံးအကြိမ်တော့လည်း မဟုတ်ပါဘူး။ အရင်နှစ်က ထွက်ခဲ့တဲ့ iPhone 12 မှာကတုန်းကလည်း charger ပါမလာလို့ ဘရာဇီးဟာ Apple ကို ဘရာဇီးရီးလ်ငွေ ၁၀ သန်း (ကန်ဒေါ်လာ ၁.၉ သန်)း ဒဏ်ရိုက်ခဲ့ပါတယ်။




Photo; aroged


           အခုတစ်ကြိမ် ဘရာဇီးစားသုံးသူရေးရာအဖွဲ့ Procon-SP ကလည်း iPhone 13 မှာ နောက်တစ်ကြိမ် ထပ်ပြီး ဒဏ်ရိုက်ဦးမှာပါ။ TechTudo လို့ ခေါ်တဲ့ ပြည်တွင်းသတင်းဌာနတစ်ခုရဲ့ အဆိုအရ ၂၀၂၁ မတ်လထဲမှာ ထုတ်ခဲ့တဲ့ ဒေါ်လာ ၁.၉ သန်း ဒဏ်ရိုက်မှုဟာ ဘရာဇီးဥပဒေအရ အမြင့်ဆုံးခွင့်ပြုထားတဲ့ ဒဏ်ကြေးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဥပဒေအရ ဒဏ်ကြေးဆောင်ပြီး ၆ လအတွင်းပဲ အကျုံးဝင်တာ ဖြစ်လို့ ၆ လကြာတိုင်း နောက်တစ်ကြိမ် ထပ်ဆောင်ရမယ့်သဘော ဖြစ်ပါတယ်။

           အခု ၆ လကြာပြီးတဲ့နောက် Apple လည်း iPhone သစ် ကြေညာချိန်မှာ နောက်တစ်ခါ ဒဏ်ကြေးထပ်ရိုက်ဖို့ ဘရာဇီးဘက်က စီစဉ်နေတာလည်း ဖြစ်ပါတယ်။

           "ဖုန်း ဝယ်မယ့်သူက အစကတည်းက ဖုန်းဝယ်ရင် charger ပါပါမယ်လို့ မျှော်လင့်ပြီးသားလေ။ ဒီအစဉ်အလာကို လာချိုးတော့ ပေးရတဲ့ဈေးက မတန်တော့ဘူး"လို့ Procon-SP အမှုဆောင်ဒါရိုက်တာ ဖာနန်ဒို ကာပက်ဇ်က TechTudo ကို ပြောပါတယ်။ Apple ရဲ့ ဝက်ဘ်ဆိုက်မှာ ဖုန်းသစ်တွေမှာcharger မပါကြောင်း ကြေညာထားပေမယ့် ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ဘရာဇီးအာဏာပိုင်တွေက ဆိုပါတယ်။



Photo: Reuters

           Samsung ထုတ် Galaxy S21 တွေမှာလည်း charger မပါပေမယ့် ဘရာဇီးဘက်က ဒဏ်မတပ်ပါဘူး။ အကြောင်းက Samsung ဟာ ဒဏ်ကြေးအစား Galaxy S21 charger တွေ အလကားပေးဖို့ သဘောတူထားလို့ဖြစ်ပါတယ်။ Apple ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းပြပြီးနောက် ဖုန်းသစ်တွေမှာ ပါဝင်ပစ္စည်းလျှော့တာတွေ လုပ်လာခဲ့လို့ ပြင်သစ်မှာလည်း ပြဿနာတက်ခဲ့ဖူးပါတယ်။

           ပြီးခဲ့တဲ့နှစ်ကပဲ Apple ဟာ ပြင်သစ်ဈေးကွက်ထဲ ဝင်တဲ့ iPhone 12 မော်ဒယ်တွေမှာ ကြိုးပါ Earpods တွေ ထည့်ပေးဖို့ ကတိပြုခဲ့ရပါတယ်။

       

Share

Loading Next Article...
က္က