supply-chain ပြဿနာတွေကြောင့် ဒေါ်လာ ၆ ဘီလျံနစ်နာဆုံးရှုံးထားပါတယ်။

အရင်က အလုအယက်ဝယ်ကြရတဲ့ နောက်ဆုံးပေါ် iPhone သစ်တွေဟာ ဝယ်လိုအားနှေးကွေးမှုနဲ့ ကြုံနေရပြီလို့ ဆိုပါတယ်။

ဒီဇင်ဘာ အားလပ်ရက်မတိုင်ခင် iPhone 13 မော်ဒယ်တွေ ဝယ်လိုအားနှေးကွေးနေတယ်ဆိုပြီး Apple က ကုမ္ပဏီရဲ့ပစ္စည်းအစိတ်အပိုင်းထောက်ပံ့နေတဲ့ Suppliers တချို့ကို အသိပေးလိုက်တာ ဖြစ်တယ်လို့ Bloomberg သတင်းက ဖော်ပြပါတယ်။ ခရစ္စမတ်အားလပ်ရက် မတိုင်ခင် iPhone 13/13 Pro တို့ တင်ပို့လာဖို့ ပြင်နေချိန်မှာ ဝယ်လိုအားနှေးကွေးမှုအကြောင်း သတင်းတွေ ထွက်လာတာလည်း ဖြစ်ပါတယ်။ 



Photo: in1

ကမ္ဘာတဝှမ်းကြုံနေရတဲ့ Chip ပြတ်လပ်မှုကြောင့် ကုမ္ပဏီအနေနဲ့ မူလမှန်းထားတဲ့ iPhone အလုံးရေ သန်း ၉၀ ထုတ်ဖို့ အစီအစဉ်ကနေ ၁၀ သန်းအထိ ထုတ်လုပ်ရေးလျှော့ချထားပြီး ဖြစ်တာတောင် ဒီပမာဏအတိုင်း ရှိမရှိ မသေမချာ ဖြစ်လာနေတာပါ။ iPhone အတွက် ပစ္စည်းအစိတ်အပိုင်းတွေနဲ့ Semiconductors တွေကို Qualcomm ၊ Skyworks ၊ ဥ‌ရောပမှ ASML နဲ့ Infineon တို့က ထုတ်လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် ဒီဇင်ဘာအားလပ်ရက်ရာသီဟာ Apple အတွက် ဝင်ကြေးအကြမ်းဆုံးသုံးလပတ်တစ်ခုဖြစ်ပြီး အသစ်ထွက်ထားတဲ့ iPhone လိုမျိုး အဓိကထုတ်ကုန်တွေ ရောင်းအားအမြင့်ဆုံးလလည်း ဖြစ်ပါတယ်။အခုနှစ် ဒီဇင်ဘာအားလပ်ရက်ဟာ ဒေါ်လာ ၇၀၀ ကနေ ၁၆၀၀ အထိ ဈေးပေါက်တဲ့ နောက်ဆုံးပေါ် iPhone သစ်တွေ တွန်းရောင်းရမယ့် ကာလလည်း ဖြစ်ပါတယ်။ 

Photo: barrons

ဈေးကွက်ဆန်းစစ်လေ့လာသူတွေကတော့ ထုတ်ကုန်သစ်တွေအတွက် မှန်းခြေဝယ်လိုအားဟာ ဒီအတိုင်းဆက်ပြီး တည်ငြိမ်သွားဖို့ ရှိပေမယ့် supply-chain ပြဿနာာတွေကြောင့် Shipping တင်ပို့မှုနည်းတာ ၊ လက်လီအရောင်းဆိုင်တွေ ပစ္စည်းအဝင်ပြတ်တာတွေလည်း ကြုံနိုင်တယ်လို့ ဆိုပါတယ်။ Bloomberg သတင်းထွက်လာပြီးနောက် Apple ရှယ်ယာဟာ ၃% ကျော် ကျဆင်းသွားပါတယ်။ 

Apple CEO တင်မ်ကွတ်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ Q4 ဝင်ငွေရလဒ်ရှင်းတမ်းမှာ Supply-Chain ပစ္စည်းပြတ်တဲ့ ပြဿနာတွေကြောင့် ဒေါ်လာ ၆ ဘီလျံ နစ်နာဆုံးရှုံးခဲ့ကြောင်း ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က