iPhone 13 သုံးသူ တချို့တလေမှာ Screen Lock ဖြစ်သွားပြီး ပန်းရောင် ပြောင်းသွားတဲ့ ပြဿနာကြုံနေကြတယ်လို့ ဆိုပါတယ်။
Pink Screen လို့ခေါ်တဲ့ ပန်းရောင် Screen ပေါ်လာတဲ့ပြဿနာကို iPhone 13 သုံးစွဲသူအနည်းစုမှာ ကြုံနေကြတာလို့ ဆိုပါတယ်။ Apple Support Teams တွေရဲ့ အဆိုအရ ဒါဟာ Hardware ဖြစ်တာမဟုတ်ဘဲ ဆော့ဖ်ဝဲလ်ပိုင်းပြဿနာတစ်ခုလို့ ယူဆနေကြကြောင်း Apple Insider သတင်းက ဖော်ပြထားပါတယ်။
Photo: Apple Insider
၂၀၂၁ အကုန်ပိုင်းက iPhone 13 နဲ့ iPhone 13 Pro တွေ ထွက်ရှိပြီးနောက်မှာ ဝယ်ထားတဲ့ သုံးစွဲသူတချို့တလေမှာ စမတ်ဖုန်းနဲ့ပတ်သက်ပြီး စိတ်ပျက်စရာပြဿနာတစ်ခု ကြုံခဲ့တာလို့လည်း ဆိုပါတယ်။ ပြဿနာရှိတဲ့ iPhone 13 မော်ဒယ်တွေဟာ လော့ခ်ကျသွားပြီး ပန်းရောင် Screen တက်လာကြတယ်လို့လည်း ပြောပါတယ်။ Apple Support ဖိုရမ်မှာ တက်လာတဲ့ ပို့စ်တွေအရ ပန်းရောင် Screen ပြောင်းပြီး ဖုန်းသုံးလို့ မရဖြစ်ရာကနေ ပိတ်သွားတတ်တယ်လို့လည်း ရေးထားကြပါတယ်။
အခုလို ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပေမယ့် သုံးစွဲသူတချို့ကတော့ iPhone ကို Settings Reset လုပ်လိုက်ခြင်းအားဖြင့် ပြဿနာရှင်းနိုင်ကြတယ်လို့ ဆိုပါတယ်။ တချို့တွေကလည်း Apple ကို ဆက်သွယ်ပြီး ဖုန်းသစ်ပြန်လဲပေးဖို့ ပြောထားတာ ရှိနေပါတယ်။ MyDrivers ရဲ့ သတင်းမှာ တရုတ်နိုင်ငံက iPhone 13 Users တွေလည်း အလားတူ ပြဿနာ ကြုံနေပြီး ဒီပြဿနာကို Apple ဘက်ကလည်း သိထားတယ်လို့ ဆိုပါတယ်။
ဖောက်သည်ဝန်ဆောင်မှုဆိုင်ရာ ကိုယ်စားလှယ်က သုံးစွဲသူကို ပြန်ပြောရာမှာတော့ ဒီပြဿနာဟာ Hardware နဲ့ ဆိုင်တဲ့ ပြဿနာမဟုတ်ဘဲ System ပြဿနာဖြစ်တယ်လို့ ပြောထားပါတယ်။ Pink Screen ပြဿနာကြုံနေတဲ့ iPhone ပိုင်ရှင်တချို့မှာတော့ တောက်ပတဲ့ ပန်းရောင် Display ပေါ်မှာ Signal နဲ့ ဘက်ထရီအချက်ပြ Indicators တွေဟာ ပုံမှန်အတိုင်း အဖြူရောင်ပြထားတာ တွေ့နေရပါတယ်။
ဖိုရမ်မှာ အကြံပေးချက်အရ အခုလို ပြဿနာကြုံလာရင်တော့ ဖုန်းထဲက ဒေတာတွေ Back Up ယူထားပြီး Factory Reset ချတာ ဖြစ်ဖြစ် နောက်ဆုံးထွက် iOS ဗားရှင်းတင်တာ ဖြစ်ဖြစ် လုပ်သင့်တယ်လို့ ဆိုပါတယ်။