ဒီဇိုင်းပိုင်း အပြောင်းအလဲတွေ မြင်ရမယ့် iPhone ဖြစ်လာနိုင်ပါ

Apple ရဲ့ iPhone 14 Pro သစ်ကို အစမ်းထုတ်လုပ်မှု လုပ်‌ဆောင်နေပြီလို့ သတင်းထွက်နေတာကြောင့် ဒီဇိုင်းပိုင်း နောက်ဆုံးအဆင့်ပြီးပြတ်သွားပြီလို့ ယူဆရပါတယ်။ 

၂၀၂၂ မော်ဒယ် iPhone 14 စီးရီးကို Apple ရဲ့ မိတ်ဖက်စက်ရုံတွေမှာ အစမ်းထုတ်လုပ်မှုလုပ်ဆောင်နေတာ ဖြစ်ပြီး ပုံမှန်အတိုင်း ဆောင်းရာသီမှာ မိတ်ဆက်ကြေညာမှု လုပ်ဆောင်သွားဖို့ရှိပါတယ်။ အကြီးအကျယ်သန်းချီ ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် အချက်အလက်စုဆောင်းတဲ့အနေနဲ့ OEM တွေက အလုံးအရေအတွက်အနည်းငယ်ကို အစမ်းထုတ်လုပ်သွားမှာပါ။ 



Photo: appleinsider


ဒါဟာ ထုတ်ကုန်ဒီဇိုင်းမှာ ပြဿနာရှိမရှိ ဆန်းစစ်နိုင်ဖို့နဲ့ ထုတ်ကုန်အရည်အသွေး ပိုကောင်းအောင် နည်းလမ်းရှာဖို့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အခုလို အစမ်းထုတ်လုပ်မှု လုပ်တာကနေ ကုမ္ပဏီအတွက် ထုတ်လုပ်နိုင်စွမ်း ဘယ်လောက်ရှိသလဲနဲ့ အရည်အသွေးထိန်းချုပ်မှုပိုင်းအတွက် ဖွံဖြိုးရေးတွေ လုပ်ဆောင်ရာမှာပါ ထည့်သွင်းတွက်ချက်နိုင်မှာပါ။ Apple ဘက်ကတော့ iPhone 14 စီးရီး ဒီဇိုင်း နဲ့ ထုတ်လုပ်မှုအကြောင်း ကြေညာချက် ထုတ်တာမျိုး လုပ်ဆောင်ခြင်း မရှိပါဘူး။ 

UDN က ဖော်ပြတဲ့ OEM တွေရဲ့ ကနဦးအစမ်းထုတ်လုပ်မှုအရ ပြီးခဲ့တဲ့နှစ်က iPhone 13 Pro တပ်ဆင်ပေးခဲ့တဲ့ တရုတ်ကုမ္ပဏီ Luxshare ဟာ iPhone 14 စီးရီးအတွက် ထုတ်လုပ်ရေးအမှာစာတွေ မရသေးဘူးလို့ ဆိုပါတယ်။ Luxshare ဟာ ပြီးခဲ့တဲ့နှစ်က iPhone OEM အမှာစာ ၃% (အလုံးရေ ၆.၅ သန်းခန့်) ရခဲ့ပြီး High-End မော်ဒယ်ဖြစ်တဲ့ iPhone 13 Pro တပ်ဆင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနှစ်အတွက် Luxshare ဟာ iPhone 14 base model တွေပဲ တပ်ဆင်ပေးရပြီး အရံ Supplier ဖြစ်လာဖို့ ရှိပါတယ်။ 

Photo: macrumors


လောလောဆယ် ကြားရတဲ့အချက်အလက်တွေအရ TSMC ဟာ iPhone 14 စီးရီးမှာ သုံးမယ့် 5G Modems တွေကို တစ်ဦးတည်း ဒိုင်ခံထုတ်လုပ်ပေးဖို့ အော်ဒါရထားတယ်လို့ ဆိုပါတယ်။ ဒီ 5G Modem ဟာ TSMC ရဲ့ 6nm mode ပေါ် အခြေခံတည်ဆောက်ထားပြီး ပါဝါသုံးစွဲမှုလည်း လျှော့ချနိုင်စွမ်းမြင့်တာကြောင့် iPhone သစ်တွေရဲ့ အရင်မော်ဒယ်တွေထက် ဘက်ထရီပို အသုံးခံဖို့ရှိပါတယ်။ 

iPhone 14 နဲ့ iPhone 14 Pro တို့ဟာ ဒီဇိုင်းပိုင်းမှာ အရေးပါတဲ့ အပြောင်းအလဲတွေနဲ့ ပွဲထုတ်လာဖို့ ရှိပါတယ်။ လက်ရှိ ထွက်နေတဲ့ သတင်းတွေအရ မျိုးဆက်သစ် iPhone သစ်တွေဟာ ကင်မရာ Bump အိမ်ဆိုဒ်လျှော့ချထားပြီး Notch အစား Punch-Hole ကင်မရာဒီဇိုင်းနဲ့ လာမယ်လို့ ဆိုပါတယ်။ iPhone 14 Pro မော်ဒယ်မှာဆို မှန်ပြင်အလယ်အပေါ်တည့်တည့်မှာ Punch-Hole Cutout နှစ်ခုနဲ့ လာပြီး အထဲမှာ FaceID အတွက် TrueDepth ကင်မရာစနစ်နဲ့ ဆယ်လ်ဖီကင်မရာတို့ ထည့်သွင်းလာဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က