iPhone အဖွဲ့သားတွေကလည်း အလွန့်ကို တော်ပြီး ထူးချွန်ပါပေတယ်လို့လည်း အီလွန်မတ်စ်က ဆိုပါတယ်။

SpaceX ကုမ္ပဏီသူဌေး အီလွန်မတ်စ်ဟာ iPhone သစ်တွေမှာ Starlink ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ အသုံးပြုဖို့ Apple နဲ့ စကားပြောထားတာ ရှိတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာ မိတ်ဆက်သွားတဲ့ iPhone 14 သစ်တွေမှာ ဂြိုလ်တုဆက်သွယ်ရေးကနေ အရေးပေါ် SOS မက်ဆေ့ပို့မှုတွေ လုပ်ဆောင်နိုင်တဲ့ Feature တစ်ခု ပါလာပါတယ်။ iPhone 14 မော်ဒယ်တွေမှာ သုံးတဲ့ Satellite ဆက်သွယ်ရေးနည်းပညာဟာ Starlink ကို အသုံးပြုထားတာ မဟုတ်ဘဲ Globalstar ဆီက ဂြိုလ်တုဝန်ဆောင်မှုကို အသုံးပြုထားတာပါ။ Apple ဟာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ အထောက်အပံ့ပေးနိုင်ဖို့ အဆင့်မြင့်ထုတ်လုပ်ရေးရံပုံငွေ ဒေါ်လာသန်း ၄၅၀ မတည်ထားပြီး ဒီရံပုံငွေအများစုကို GlobalStar က ရရှိမှာ ဖြစ်ပါတယ်။ 





iPhone ကုမ္ပဏီဘက်ကတော့ ဒီရံပုံငွေအစီအစဉ်မှာ တခြား ဘယ်ကုမ္ပဏီတွေနဲ့ရော ချိတ်ဆက်ထားသလဲ ဆိုတဲ့အချက်ကို ပြောကြားခြင်း မရှိသေးပါဘူး။ ဂြိုလ်တုဆက်သွယ်ရေးဆိုင်ရာနည်းပညာအတွက် အသုံးစရိတ်ရိတ်ရဲ့ ၉၀% ကို Apple ဟာ GlobalStar ဂြိုလ်တုသစ်တည်ဆောက်ရေးအတွက် ထုတ်ပေးမှာ ဖြစ်ပေမယ့် GlobalStar ကုမ္ပဏီအနေနဲ့လည်း ဂြိုလ်တုသစ် တည်ဆောက်တပ်ဆင်ရေးအတွက် အကြွေးထပ်ယူရဖို့ ရှိပါတယ်။ 

ဒီကုမ္ပဏီဟာ ကမ္ဘာအနိမ့်ပတ်လမ်း LEO ဂြိုလ်တုတွေ တည်ဆောက်နေတဲ့ ကုမ္ပဏီဖြစ်ပြီး Goldman Sachs & Co ဘဏ်ဆီက ရင်းနှီးမြှပ်နှံမှုရဖို့ ရှိပါတယ်။ ငွေကြေးရင်းနှီးမြှပ်နှံမှုကိုတော့ ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်ထဲမှာ ပြီးစီးဖို့ မျှော်လင့်ရပါတယ်။ LEO ဂြိုလ်တုတွေဟာ သမရိုးကျ ဂြိုလ်တုတွေ နဲ့ ယှဉ်ရင် ကမ္ဘာနဲ့ ၃၆ ဆ ပိုနီးနီးကနေ လည်ပတ်နေတာဖြစ်လို့ သတင်းအချက်အလက် ပေးပို့ရယူမှုအတွက် အချိန်ကြာမြင့်တာ နည်းသလို ကွန်ရက်မမိတဲ့နေရာတွေမှာ ပိုပြီး မြန်ဆန်တဲ့ Broadband ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်။ 

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ပိုင် SpaceX ကုမ္ပဏီလက်အောက်က Starlink ဂြိုလ်တုကုမ္ပဏီကလည်း LEO ဂြိုလ်တုအင်တာနက်စနစ် ဖြန့်ကြက်နေတာ ဖြစ်ပါတယ်။ SpaceX ဟာ T-Mobile နဲ့ ပေါင်းပြီး နောက်နှစ်ကစလို့ စမတ်ဖုန်းတွေအတွက် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှု ပေးသွားဖို့ပါ စီစဉ်ထားပါတယ်။ အီလွန်မတ်စ်ကတော့ Apple နဲ့ Starlink ဂြိုလ်တုဝန်ဆောင်မှုအကြောင်း ဆွေးနွေးပွဲမှာ ကတိကဝတ်ရှိတဲ့ ပြောဆိုမှုတချို့ ရှိခဲ့တယ်လို့ ပြောထားပါတယ်။ 

iPhone အဖွဲ့သားတွေကလည်း အလွန့်ကို တော်ပြီး ထူးချွန်ပါပေတယ်လို့လည်း အီလွန်မတ်စ်က ဆိုပါတယ်။ ဖုန်းဆော့ဖ်ဝဲလ်နဲ့ အာကာသအချက်ပြလှိုင်းတွေ ၊ Starlink ရဲ့ အွန်လိုင်းဆဲလ်တာဝါနဲ့ ကိုက်ညီတဲ့ Hardware တွေ ရှိမယ်ဆိုရင် အာကာသနဲ့ iPhone ဆက်သွယ်ရေးဟာ အကောင်းဆုံး အလုပ်လုပ်နိုင်မယ်လို့လည်း ပြောပါတယ်။ Apple ဘက်ကတော့ SpaceX နဲ့ Starlink ဝန်ဆောင်မှုအကြောင်း ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဘာထုတ်ပြန်ချက်မျိုးမှ မလုပ်ခဲ့ပါဘူး။ 


ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ SpaceX နဲ့ Tesla တို့ ပေါင်းပြီး "ဂြိုလ်တုမှ ဆယ်လူလာသို့" ဝန်ဆောင်မှုသစ်ကို စတင်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ကမ္ဘာအနိမ့်ပတ်လမ်းထဲက ဒုတိယမျိုးဆက် Starlink ဂြိုလ်တုတွေ အသုံးပြုမယ့် ဒီဝန်ဆောင်မှုဟာ T-Mobile ရဲ့ mid-band 5G လှိုင်းနှုန်းစဉ်နဲ့ တွဲဖက်သွားမှာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတလွှား အပြည့်အဝနီးနီး လိုင်းလွှမ်းခြုံနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

iPhone 14 မှာ သုံးတဲ့ Apple ရဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်နဲ့ မတူတဲ့အချက်က T-Mobile နဲ့ SpaceX တို့ဟာ ရှိပြီးသား စမတ်ဖုန်းတွေအတွက် ဂြိုလ််တုဆက်သွယ်ရေးစနစ် ထောက်ပံ့သွားမှာ ဖြစ်ပြီး လာမယ့် ၂၀၂၃ နှစ်အကုန်ပိုင်းလောက်မှာ ဝန်ဆောင်မှုစတင်သွားမယ်လို့လည်း မျှော်လင့်ထားပါတယ်။ 

Share

Loading Next Article...
က္က