အများကြီးတော့ မျှော်လင့်မထားသင့်ပါဘူး။

တီထွင်ဆန်းသစ်မှု အကျဘက် ရောက်လာတယ်လို့ ဝေဖန်ခံနေရတဲ့ iPhone တွေကို လာမယ့်နှစ်မှာ အသွင်ပြောင်းသွားဖို့ ရှိပါတယ်။

           iPhone နဲ့ပတ်သက်ရင် သတင်းမှန်တွေ ပိုကြားရတဲ့ မာ့ခ်ဂါးမန်းကတော့ iPhone 14 ဟာ ဒီဇိုင်းကို လုံးလုံးလျားလျား ပုံစံပြောင်းသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်ထုတ် iPhone X က စပြီး ငြီးငွေ့စရာကောင်းတဲ့ Notch ကိုပဲ ၅ နှစ်ကြာ ရေလဲသုံးလာပြီးနောက် အခုလို သတင်းကြားလာရတာပါ။ ဘယ်လိုမျိုး Redesign ပြန်ချမလဲဆိုတာတော့ ဂါးမန်းက ပြောကြားခြင်း မရှိပါဘူး။




Photo: abihp


           တလောက မင်ချိကုအိုရဲ့ ပြောကြားချက်အရဆိုရင် ၂၀၂၂ ထုတ် iPhone တွေမှာ notch တော့ ပါမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ စိတ်မကောင်းစရာတစ်ခုက အန်းဒရိုက်ဖုန်းတွေမှာ သုံးနေတဲ့ Punch-Hole ကင်မရာပေါက်စတိုင် သုံးမယ်လို့ ခန့်မှန်းလိုက်တာပဲ ဖြစ်ပါတယ်။ ဂါးမန်းပြောတဲ့ Redesign ဆိုတာလည်း punch-hole ဒီဇိုင်းကိုပဲ ပြောတာ ဖြစ်ဖို့ များပါတယ်။

           ဒါတောင် High-End ကျတဲ့ iPhone 14 Pro မော်ဒယ်မှာပဲ punch-hole သုံးပြီး ကျန်တဲ့ Non-Pro မော်ဒယ်တွေမှာ Notch ဆက်သုံးလာနိုင်ခြေ ရှိနေပါတယ်။ Mini ဗားရှင်းကတော့ iPhone 13 series မှာ နောက်ဆုံးမိတ်ဆက်ခဲ့တာ ဖြစ်ဖို့များပါတယ်။ တချို့တွေ မျှော်လင့်နေတဲ့ Under-Display Touch ID နည်းပညာကတော့ လာမယ့်နှစ်မှာ မိတ်ဆက်ဖို့ Apple အတွက် အဆင်သင့်ဖြစ်ပုံ မရသေးပါဘူး။

           တကယ်တမ်း iPhone တွေရဲ့ အကြီးကျယ်ဆုံး အပြောင်းအလဲဟာ ၂၀၂၄ မှာ ဖြစ်ဖို့ များပါတယ်။ သတင်းတွေကတော့ လာမယ့် ၂၀၂၄ ခုနှစ်မှာ Apple ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းကို ကြေညာမယ်လို့ ညွှန်းနေကြပါတယ်။ ဒီတော့ iPhone ကို ဒီဇိုင်းအသစ်နဲ့ ကိုင်ချင်ရင် နောက်နှစ်နှစ် ၊ သုံးနှစ် ဆက်စောင့်ရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က