Apple Watch နာရီသစ်တွေမှာလည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖုန်းတာဝါတိုင်မရှိတဲ့နေရာတွေမှာ အင်တာနက်အသုံးပြုနိုင်စေမယ့် ဂြိုလ်တုဆက်သွယ်ရေးနည်းပညာကို iPhone သစ်တွေမှာ ပါဝင်လာနိုင်ပါတယ်။


Apple ဟာ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ iPhone 14 စီးရီးသစ်တွေ ကြေညာသွားဖို့ ရှိပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် သုတေသနကုမ္ပဏီ Telecom ၊ Media And Finance Associates ရဲ့ ဂြိုလ်တုဆက်သွယ်ရေးပိုင်းဆိုင်ရာ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ တင်မ် ဖာရားကတော့ iPhone သစ်တွေမှာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာသစ် ပါလာမယ်လို့ ဆိုပါတယ်။ ဂြိုလ်တုဆက်သွယ်ရေးစနစ်ဟာ ဆဲလ်တာဝါတိုင် မလိုဘဲ ဖုန်းနဲ့ အင်တာနက်အသုံးပြုနိုင်မယ့် Feature တစ်ခုပါ။




ဒီတစ်ပတ်ထဲမှာပဲ နာမည်ကြီးဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ SpaceX နဲ့ အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး တယ်လီကွန်းအော်ပရေတာကြီးတစ်ခုဖြစ်တဲ့ T-Mobile တို့ ပူးပေါင်းပြီး လာမယ့်နှစ်ထဲမှာ စမတ်ဖုန်းတွေအတွက် ဂြိုလ်တုဆက်သွယ်ရေးစနစ် ဖြန့်ချိဖို့ ကြေညာထားပါတယ်။ SpaceX ပိုင် Starlink ဂြိုလ်တုတွေထဲက ဒုတိယမျိုးဆက် Starlink V2 ဂြိုလ်တုတွေ သုံးပြီး ဖုန်းနဲ့ ကမ္ဘာ့အနိမ့်ပတ်လမ်းက ဂြိုလ်တုတွေနဲ့ ချိတ်ဆက်ပြီး ဆက်သွယ်ရေးစနစ် အထောက်အပံ့ပေးသွားမှာပါ။ 

Apple ကုမ္ပဏီကလည်း iPhone တွေအတွက် ကိုယ်ပိုင်ဂြိုလ်တုဆက်သွယ်ရေး Feature စနစ် ထည့်သွင်းလာမယ်လို့ ဖာရားက ဆိုပါတယ်။ iPhone တွေမှာ ကိုယ်ပိုင်ဂြိုလ်တုဆက်သွယ်ရေးစနစ် ပါလာဖို့အတွက် Apple ဟာ Globalstar ကုမ္ပဏီနဲ့ ပူးပေါင်းသွားမယ်လို့လည်း သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Globalstar ဟာ အလားအလာရှိတဲ့ ဝယ်လက်တွေအတွက် စဉ်ဆက်မပြတ် ဂြိုလ်တုဝန်ဆောင်မှုတွေ ထောက်ပံ့နိုင်ဖို့ ဂြိုလ်တုသစ် ၁၇ လုံး ဝယ်ယူထားတယ်လို့ ကြေညာထားပါတယ်။ 

Globalstar ရဲ့ အလားအလာရှိတဲ့ ဝယ်လက်တွေထဲမှာ Apple လည်း ပါနိုင်ပါတယ်။ Apple ရဲ့ ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုဟာ စပြီး မိတ်ဆက်ချိန်မှာ အပြန်အလှန်စာပို့နိုင်တဲ့ Two-Way မက်ဆေ့ချ်ပို့မှုအတွက် အခမဲ့ ထောက်ပံ့သွားမှာ ဖြစ်ပြီး လက်ရှိဂြိုလ်တုလှိုင်းနှုန်းစဉ်တွေ အသုံးပြုသွားမယ်လို့လည်း ဖာရားက ဆိုပါတယ်။ T-Mobile နဲ့ SpaceX တို့ရဲ့ စီမံကိန်းကတော့ T-Mobile ရဲ့ လှိုင်းလတ် mid-band 5G လှိုင်းနှုန်းစဉ်ကို အဆင့်မြှင့်တင်သွားမှာ ဖြစ်ပြီး SMS စာတိုပို့တာ ၊ MMS နဲ့ တခြား Messaging Apps တွေ အထောက်အပံ့ပေးတာတွေပါ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ 

iPhone တွေမှာ ဂြိုလ်တုဆက်သွယ်ရေးစနစ် ပါလာမယ်ဆိုတဲ့ သတင်းက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲမှာ Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းက Apple ဟာ iPhone အတွက် ဂြိုလ်တုဆက်သွယ်ရေးစနစ်တစ်ခု ဖန်တီးနေကြောင်း ပထမဆုံး သတင်းပေးပို့ခဲ့တာပါ။ ဒီနှစ် နှစ်ဆန်းပိုင်းမှာတော့ Apple ဟာ ဂြိုလ်တုဆက်သွယ်ရေး Feature တည်ဆောက်နေဆဲဖြစ်ပြီး iPhone 14 မှာ ဒီ feature ပါလာနိုင်တယ်လို့ ဂါးမန်းက ပြောပါတယ်။ Apple ရဲ့ feature သစ်ကို အရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး ဒီ feature ဟာ Apple Watch နာရီသစ်တွေမှာလည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 


ဂြိုလ်တုတွေနဲ့ iPhone ကို ချိတ်ဆက်နိုင်ဖို့ Apple ဟာ အထူး Modem Chip တစ်မျိုး လိုလာနိုင်တယ်လို့ ဆိုပါတယ်။ T-Mobile ကတော့ သူ့ရဲ့ ကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းအမျိုးမျိုးဟာ ရှိရင်းစွဲ Cellular Chips တွေနဲ့ပဲ SpaceX ရဲ့ Starlink ဂြိုလ်တုတွေနဲ့ ချိတ်ဆက်နိုင်မယ်လို့ ပြောပါတယ်။ iPhone 14 သစ်တွေမှာ တကယ်ပဲ Satellite ဆက်သွယ်ရေးစနစ် ပါလာမလားဆိုတာကို လာမယ့် စက်တင်ဘာ ၇ ရက်နေ့မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က