ဖုန်းမော်ဒယ် ၄ မျိုးလုံး RAM 6GB သုံးလာနိုင်ပါတယ်

Pro မဟုတ်တဲ့ iPhone 14 သစ်တွေဟာ အရင်နှစ်က သုံးခဲ့တဲ့ A15 Bionic Chip နဲ့ပဲ ထွက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

နာမည်ကြီး Apple ရေးရာ လေ့လာသုံးသပ်သူ မင်ချိကုအိုရဲ့ အဆိုအရ နောက်ဆုံးပေါ် A Series chipset သစ်ဖြစ်တဲ့ A16 Bionic Chip ဟာ iPhone 14 Pro နဲ့ Pro Max နှစ်မျိုးအတွက်ပဲ သုံးလာဖို့ ရှိပြီး Pro မော်ဒယ်မဟုတ်တဲ့ iPhone 14 နဲ့ 14 Max တို့ကတော့ ၂၀၂၁ ထွက် iPhone 13 စီးရီးမှာ သုံးခဲ့တဲ့ A15 Bionic Chipset နဲ့ လာမယ်လို့ ပြောထားတာပါ။





Pro မော်ဒယ်တွေနဲ့ Pro မဟုတ်တဲ့ မော်ဒယ်တွေအကြား နောက်ထပ် ခြားနားချက်တစ်ခုက RAM အမျိုးအစား ဖြစ်လာနိုင်ပါတယ်။ မင်ချိကုအိုရဲ့ သုံးသပ်ချက်အရ iPhone 14 Lineup မှာ ပါတဲ့ ထုတ်ကုန် ၄ မျိုးစလုံး RAM 6GB ပဲ သုံးသွားမှာ ဖြစ်ပေမယ့် Pro မော်ဒယ်မှာ ၁ ဆခွဲပိုမြန်ဆန်သွက်လက်ပြီး စွမ်းအင်ထိရောက်မှု ၃၀% အထိ ပိုကောင်းတဲ့ LPDDR5 စနစ်နဲ့လာပြီး ကျန်တဲ့ မော်ဒယ်နှစ်ခုကိုတော့ LPDDR 4X သုံးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

RAM ပမာဏအနေနဲ့ လက်ရှိထွက်ထားတဲ့ iPhone 13 mini နဲ့ iPhone 13 တို့ဟာ RAM 4GB ပမာဏ သုံးထားပြီး အမြင့် Pro မော်ဒယ်နှစ်ခုမှာ 6GB ပါရှိတာ ဖြစ်ပါတယ်။ အစောပိုင်းက ကြားရတဲ့ သတင်းတွေထဲမှာ iPhone 14 Pro ဟာ Samsung Galaxy S22 မော်ဒယ်တွေလိုမျိုး RAM 8GB ပါလာမယ်လို့ ဆိုကြပေမယ့် ဒီအချက်က မင်ချိကုအိုရဲ့ ပြောကြားချက်နဲ့ ဆန့်ကျင်နေပါတယ်။

Screen Size အနေနဲ့ iPhone 14 နဲ့ iPhone 14 Pro တို့ဟာ ၆.၁ လက်မဆိုဒ်တွေနဲ့ လာပြီး iPhone 14 Max နဲ့ Pro Max တို့ကို ၆.၇ လက်မဆိုဒ်တွေ သုံးလာဖို့ ရှိပါတယ်။ Compact အဖြစ်ဆုံး Mini မော်ဒယ်က iPhone 13 Mini မှာ ဇာတ်သိမ်းသွားပြီလို့ ယူဆနိုင်ပါတယ်။ Apple ဟာ အရင်က iPhone သစ်တိုင်းကို အမျိုးအစားတူ Chipset ပဲ သုံးခဲ့ရာကနေ အခုနှစ်ထဲမှာ ပုံစံသစ်ပြောင်းပြီး အတန်းအစားခွဲ ထုတ်သွားမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က