၂၀၂၂ မှာ ထွက်မယ့် Pro မော်ဒယ် iPhone တွေမှာ 48MP main sensor ကို စတင် သုံးစွဲလာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
TrendForce ရဲ့ သတင်းသစ်အရ iPhone 14 Pro ဟာ 48MP Main ကင်မရာပြောင်းပြီး သုံးလာမယ်လို့ ဆိုပါတယ်။ ဒီတစ်ခေါက် iPhone ပင်မကင်မရာရဲ့ ရုပ်ထွက်ကို မြှင့်တင်တာဟာ Apple အတွက် တတိယအကြိမ်လည်း ဖြစ်ပါတယ်။
Photo: appleinsider
Apple ဟာ iPhone 4 မှာ 5MP ကင်မရာ သုံးခဲ့ရာ ကနေ iPhone 4s မှာ 8MP ကင်မရာကို ပြောင်းလဲခဲ့ပြီး iPhone 6 နဲ့ 6S အပြောင်းမှာ 8MP ကင်မရာကနေ 12MP ကင်မရာကို အဆင့်မြှင့်တင်လာခဲ့တာပါ။ ၂၀၂၂ ထွက် iPhone 14 စီးရီးမှာတော့ အရင် သုံးလာခဲ့တဲ့ 12MP Main Sensor ကနေ 48MP ကို အဆင့်မြှင့်တင်လာမယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။
Apple ကုမ္ပဏီအနေနဲ့ Pro မော်ဒယ်တွေမှာ 8K Video ရိုက်ကူးမှုလုပ်ဆောင်နိုင်ဖို့အတွက် ပိုပြီး ရုပ်ထွက်မြင့်တဲ့ ကင်မရာဘက်ကို သွားဖို့ လိုလာသလို Scene ပေါ် လိုက်ပြီး ရုပ်ထွက်အမျိုးမျိုး ရိုက်ကူးသွားမှာပါ။ Portrait နဲ့ Landscape တွေမှာ Megapixels တွေ ပို သုံးလာနိုင်ပြီး အလင်းအားနည်းချိန် ဓါတ်ပုံရိုက်ချက်မျိုးမှာ 12MP Pixel-Binning နည်းပညာမျိုး သုံးနိုင်ပါတယ်။
Photo: 9to5mac
နာမည်ကြီး Apple Analyst ဖြစ်သူ မင်ချိကုအိုကလည်း iPhone 14 Pro မှာ 48MP main camera တစ်ခု သုံးသွားမယ်လို့ ပြောထားပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာ ထွက်မယ့် iPhone 15 မှာ ပယ်ရီစကုပ်အဝေးဆွဲရိုက်နိုင်မယ့် ကင်မရာ သုံးလာနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။
လက်ရှိကြားထားတဲ့ သတင်းတွေအရ iPhone 14 တွေဟာ iPhone X ကစပြီး သုံးခဲ့တဲ့ Notch ဒီဇိုင်းအစား ဆေးတောင့်ပုံစံ Punch-Hole ကင်မရာဒီဇိုင်းနဲ့ ထွက်လာမယ်လို့လည်း ဆိုပါတယ်။