BOE ဆီက အော်ဒါတချို့ပါ Samsung ရသွားဖို့ ရှိပါတယ်

တောင်ကိုရီးယားနည်းပညာကုမ္ပဏီ Samsung Display ဟာ iPhone သစ်တွေအတွက် panel ပေါင်း သန်း ၈၀ ထုတ်လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ 

ET News က လာတဲ့ သတင်းအရ Samsung Display အနေနဲ့ iPhone 14 စီးရီး မော်ဒယ်အားလုံးအတွက် panel ပေါင်း သန်း ၈၀ Supply ထုတ်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းမှာပဲ အကြီးအကျယ် ထုတ်လုပ်မှုနဲ့ Panel တွေ ပို့ဆောင်ဖို့ဟာ ဒီနှစ် တတိယသုံးလပတ်မှာ စတင်ဖို့ ရှိတယ်လို့လည်း ပြောထားပါတယ်။ 





၂၀၂၂ ခုနှစ်အတွက် Apple ဟာ iPhone 14 မော်ဒယ်တွေကို ပုံမှန် Non-Pro မော်ဒယ် ၂ မျိုးနဲ့ High-End ပိုကျတဲ့ Pro မော်ဒယ်နှစ်မျိုး ကြေညာသွားမယ်လို့ သတင်းထွက်နေပါတယ်။ အရွယ်အစားအနေနဲ့ ၆.၁ လက်မဆိုဒ် မော်ဒယ် ၂ မျိုးနဲ့ ၆.၇ လက်မ မော်ဒယ် ၂ မျိုး ထွက်လာဖို့ ရှိပါတယ်။ iPhone သစ် အားလုံး OLED Panels တွေနဲ့ လာမှာ ဖြစ်ပြီး Samsung Display က ဒီမော်ဒယ် အားလုံးအတွက် OLED Panels တွေ အချိုးကျ ထုတ်လုပ်ခွင့် ရထားတာပါ။ 

သတင်းတွေအရဆို ဈေးအနည်းဆုံး iPhone 14 နဲ့ ဈေးအမြင့်ဆုံး iPhone 14 Pro Max အတွက် OLED Panel ၃၈.၁၇ သန်း ထုတ်လုပ်ရမှာ ဖြစ်ပြီး ကျန်တာတွေကတော့ iPhone 14 Max နဲ့ iPhone 14 Pro တွေမှာ သုံးဖို့ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ iPhone 14 Lineup ဟာ low-temperature polysilicon (LTPS) - thin film transistor (TFT) အခြေခံ OLED Panels နဲ့ low-temperature polycrystalline oxide (LTPO) - thin film transistor (TFT) OLED Panels တွေ သုံးဖို့ ရှိပြီး ဘယ်မော်ဒယ်မှာ ဘယ်လို Panel သုံးမလဲ ဆိုတာတော့ မသိရသေးပါဘူး။ 


ဆက်စပ်သတင်းအနေနဲ့ Apple ဟာ ဒီတစ်ပတ်ထဲမှာ iPhone 14 အတွက် BOE ဆီက Panels အော်ဒါမှာတဲ့ ကိစ္စ ခွင့်ပြုသင့်/မပြုသင့် ဆုံးဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။ တရုတ် Display ကုမ္ပဏီ BOE ဟာ Apple ကို အကြောင်းမကြားဘဲ Panel ပေါ်က Film Transistors အပါးရဲ့ ဆားကစ်ဒီဇိုင်းကို ပြောင်းခဲ့တာကြောင့် Apple ဘက်က Panel အော်ဒါမှာမှု ရပ်ဆိုင်းခံထားရတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ 

အစောပိုင်းက BOE ဟာ iPhone 14 ‌Display အော်ဒါ သန်း ၃၀ အထိ ရခဲ့တာ ဖြစ်ပေမယ့် အခုတော့ Samsung Display ကပါ BOE ရဲ့ အော်ဒါထဲက တချို့ကို ခွဲယူသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က