A16 Bionic Chipset သစ်တစ်ခုတည်းတင် ဒေါ်လာ ၁၁၀ ကျသင့်ပါတယ်။

နောက်ဆုံးပေါ် iPhone သစ်တွေအတွက် ပစ္စည်းအစိတ်အပိုင်းဈေးဟာ ခေတ်အဆက်ဆက် ဈေးအမြင့်ဆုံးကို ရောက်ခဲ့တယ်လို့ Nikkei Asia သတင်းက ဖော်ပြပါတယ်။ 

Nikkei Asia သတင်းအရ iPhone သစ်တွေအတွက် ပစ္စည်းအစိတ်အပိုင်းဈေးဟာ ၂၀% ပိုမြင့်လာပြီး တစ်လျှောက်လုံးအမြင့်ဆုံးကို ရောက်လာခဲ့တာလို့ ဆိုပါတယ်။ iPhone 14 Pro Max ရဲ့ ထုတ်လုပ်ရေးစရိတ်ဟာ ၅၀၁ ဒေါ်လာ ကျသင့်ပြီး အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone 13 Pro Max တုန်းက ၄၆၁ ဒေါ်လာပဲ ကုန်ကျခဲ့တာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ iPhone သစ်တွေရဲ့ ထုတ်လုပ်ရေးကို အဓိကကုန်ကျစေတဲ့ အကြောင်းရင်းက A16 Bionic Chip ကြောင့်ဖြစ်ပြီး ဒီ Chipset သစ်တစ်ခုတည်းတင် ဒေါ်လာ ၁၁၀ ကျသင့်ပါတယ်။ 



Photo: GSMArena


တစ်ခုရှိတာက ဒီနှစ်ထွက် iPhone 14 Lineup ထဲမှာ Pro မော်ဒယ်တွေပဲ A16 Bionic Chipset သုံးပြီး iPhone 14 နဲ့ iPhone 14 Plus တို့ကတော့ A15 Bionic Chipset ဟောင်းကိုပဲ ဆက်သုံးထားတာပါ။ Pro Max မော်ဒယ်တွေ စပြီး မိတ်ဆက်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က စလို့ ဒီမော်ဒယ်တွေအတွက် ဈေးနှုန်းဟာ ဒေါ်လာ ၄၀၀ နဲ့ ဒေါ်လာ ၄၅၀ အကြား အပြောင်းအလဲ ရှိခဲ့ပါတယ်။ Nikkei Asia သတင်းဝက်ဘ်ဆိုက်ရဲ့ ကောက်ချက်အရ Apple အနေနဲ့ အမေရိကန်ဈေးနှုန်းကို မထိဘဲ ထုတ်လုပ်ရေးစရိတ်ကို အကုန်အကျခံမယ်ဆိုရင် ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းအကြီးအကျယ် ထိခိုက်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ 

A16 Bionic Chips ဟာ A15 Bionic Chip ထက် ၂.၄ ဆ ပိုကုန်ကျပါတယ်။ နောက်ထပ် အကြောင်းအရင်းတစ်ခုက အရွယ်အစား ၃၀% အထိ ပိုကြီးလာတဲ့ Sony ရဲ့ CMOS sensor သစ်ဟာ ဈေးလည်း ၅၀% ပိုမြောက်လာလို့ ဖြစ်ပါတယ်။ Nikkei Asia သတင်းရဲ့ ဖော်ပြချက်အရဆို ဒီ sensor အတွက် အကြမ်းဖျဉ်း ၁၅ ဒေါ်လာခန့် ကျသင့်နေပါတယ်။ Display ပိုင်းဆိုရင်လည်း Apple ဟာ Samsung Display ဆီကပဲ Screen တွေ ဝယ်သုံးနေရတာပါ။ 


Photo: GSMArena

အမေရိကန်အခြေစိုက်ကုမ္ပဏီတွေဆီက iPhone 14 အတွက် ပစ္စည်းအစိတ်အပိုင်းတွေဟာ စုစုပေါင်းကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံနီးပါး ရှိပြီး ၂၀၂၁ ခုနှစ်ကနဲ့ ယှဉ်ရင် ၁၀% ပိုဈေးတက်သွားပါတယ်။ Apple ထုတ် စမတ်ဖုန်းသစ်တွေအတွက် လိုတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ဒုတိယမှာယူမှုအများဆုံး လုပ်ရတဲ့ နိုင်ငံက တောင်ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။ Apple ဟာ အရင်က iPhone ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံကို မှီခိုခဲ့ရာကနေ အခုတော့ အိန္ဒိယကို စတင်ထုတ်လုပ်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က