iPhone SE 2 ကို မျှော်နေကြသူတွေအတွက် သတင်းကောင်းပါ။
Apple ဟာ ၂၀၂၀ နှစ်ဝက်အတွင်းမှာ iPhone 9 ကို ကြေညာတော့မှာဖြစ်ပြီး အခုချိန်မှာတော့ ဒီဇိုင်းပုံအကြမ်းထည် renders တွေ မြင်နေရပြီ ဖြစ်ပါတယ်။ iPhone 9 တဖြစ်လဲ iPhone SE 2 အကြောင်း renders တွေကို Onleaks ကနေ ဖော်ပြခဲ့တာပါ။ OnLeaks ဟာ iPhone 11 Pro ရဲ့ တိကျတဲ့ ဒီဇိုင်းအကြမ်းပုံစံတွေကို မိတ်မဆက်ခင် ၉ လကျော်ကတည်းက သတင်းမျှဝေခဲ့တဲ့ site တစ်ခု ဖြစ်ပါတယ်။
Photo: soyacincau
ဒီဇိုင်းကတော့ OnLeaks ရဲ့ ယူဆချက်ပဲ ဖြစ်ပါတယ်။ iPhone 8 ပုံစံ touchID home button သုံးလာမယ့် ဒီဖုန်းဟာ iPhone 9 လို့ နာမည်ပေးသွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ဒီဖုန်းကို iPhone SE 2 အဖြစ် ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ render မှာတော့ သတ္ထုဘောင်ကွပ်ထားပြီး iPhone 11 Pro လိုမျိုး glass back သုံးတာတာတွေ့ရပါတယ်။
iPhone 9 ဟာ iPhone 8 ဒီဇိုင်းကိုပဲ ဆက်သုံးထားပြီး အပေါ်နဲ့ အောက်ဘက်နားမှာ Bezel ဘောင်သားတွေ ပါလာတဲ့ ဖုန်းဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက သုံးလာတဲ့ TouchID sensor လည်း ပါလာဦးမှာပါ။ ရှေ့နောက် မှန်ပြင်သုံးထားပြီး မျက်နှာပြင်အရွယ်အစား ၄.၇ လက်မ ပါရှိမယ်လို့ ဆိုပါတယ်။OnLeaks ကတော့ iPhone 9 ဟာ ၇.၈ မီလီမီတာထူပြီး iPhone 8 ထက် ၀.၅ မီလီမီတာ ပိုထူမယ်လို့ ခန့်မှန်ုးပါတယ်။
ကျောဘက်မှာ single lens ကင်မရာတစ်လုံးတည်း သုံးထားပြီး iPhone SE နဲ့ မတူတာတစ်ခုက headphone jack မပါတော့တာပါ။ အဆင့်မြှင့်တင်မှုတစ်ခုကတော့ ပိုပြီး မြန်ဆန်သွက်လက်တဲ့ A13 Bionic chip သုံးလာတာ ဖြစ်ပါတယ်။ iPhone SE 2 (iPhone 9) ဟာ ၂၀၂၀ iPhone တွေထဲမှာ ဘက်ဂျက်ဗားရှင်းဖြစ်ပြီး ၃၉၉ ဒေါ်လာဈေးနဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။
Apple အကြောင်း ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ မင်ချိကုအိုကတော့ မတ်လကုန်ပိုင်းမှာ iPhone 9 ကို ဖြန့်ချိမယ်လို့ ခန့်မှန်းထားပြီး storage 64GBနဲ့ 128GB နှစ်မျိုးနဲ့ လာမယ်လို့ ဆိုပါတယ်။ အရောင်ကတော့ space gray ၊ silver နဲ့ (PRODUCT) RED ကာလာ ၃ ရောင်နဲ့ လာဖို့ ရှိတယ်လို့လည်း ပြောထားပါတယ်။