ကိုရိုနာဗိုင်းရပ်စ်ကြောင့် Apple Store တွေမှာ iPhone နဲ့ ဆက်စပ်နေတဲ့ အပိုအစားထိုး ပစ္စည်းတွေ ပြတ်လပ်မှု ရှိနုင်တယ်လို့ ဆိုပါတယ်။
COVID-19 ကူးစက်မြန်ရောဂါကြောင့် ပစ္စည်းအဝင်အထွက်ဟာ သီတင်းပတ်အတော်ကြာအောင် ထိခိုက်နိုင်ဖို့ ရှိပါတယ်။ Bloomberg နဲ့ Apple Store ဝန်ထမ်းများ တွေ့ဆုံမှုမှာ Apple အနေနဲ့ iPhone အတွက် အစားလဲပေးတဲ့ ပစ္စည်း အစိတ်အပိုင်းတွေဟာ နှစ်ပတ်ကနေ ၄ ပတ်အထိ အဝင်နည်းဖို့ ရှိကြောင်း သတိပေးထားတယ်လို့ ပြောပါတယ်။
Photo: zerohedge
Apple လက်လီစတိုးတွေမှာ အလုပ်လုပ်တဲ့ နည်းပညာသမားတစ်ချို့မှာလည်း iPhone ပစ္စည်းလဲဖို့ အပိုပစ္စည်း ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။ Supply Chain လမ်းကြောင်း ထိခိုက်မှုကြောင့် Screen ၊ ဘက်ထရီ နဲ့ တစ်ခြား အပိုပစ္စည်း ပြတ်လပ်ကို iPhone တွေအပြင် iPad Pro တွေမှာလည်း ကြုံရဖို့ ရှိနေပါတယ်။
Foxconn လိုမျိုး Apple ရဲ့ Suppliers တွေဟာ တရုတ်နိုင်ငံအတွင်းက စက်ရုံတွေ ပြန်ဖွင့်လှစ်လာပြီ ဖြစ်ပေမယ့် ပုံမှန်ထုတ်လုပ်မှုအနေအထားကို ရောက်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ Apple ဟာ တရုတ်နိုင်ငံအတွင်း ပိတ်ထားတဲ့ Stores ဆိုင် ၄၂ ဆိုင်ထဲက ၃၈ ဆိုင်ကို ပြန်ဖွင့်ထားပါတယ်။
COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုုအတွင်း ပစ္စည်းအစိတ်အပိုင်း ပြတ်လပ်မှု မဖြစ်စေဖို့ Apple ဟာ အရန် supplier များ ရှာသွားဖို့ ရှိပါတယ်။ လက်ရှိမှာ Apple အတွက် ultrawide cameras ပစ္စည်းအစိတ်အပိုင်းတွေ အဓိက ထုတ်လုပ်ပေးနေတဲ့ Yujing Guangchuan ဟာ သတ်မှတ်ထားတဲ့ အော်ဒါအမှာစာအတိုင်း ထုတ်လုပ်မှု မလုပ်နိုင်တဲ့ ပြဿနာ ရှိနေပါတယ်။
ဈေးကွက်လေ့လာသူတွေရဲ့အဆိုအရ Apple ဟာ ကုန်ပစ္စည်းအမှာစာအားလုံးရဲ့ ၃၀%နဲ့ ၄၀% အကြားပဲ ရဖို့ ရှိတယ်လို့ ဆိုပါတယ်။ Appleအတွက် iPhone ကင်မရာ modules တွေ ထုတ်လုပ်ပေးနေတဲ့ တောင်ကိုရီးယားက LG Innotek စက်ရုံလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိပြီးနောက် စက်ရုံခဏပိတ်ထားရပါတယ်။