Apple ရဲ့ တရားဝင်ပစ္စည်းအစိတ်အပိုင်းမဟုတ်ဘဲ တစ်ခြား third-party တွေဆီက ပစ္စည်းတွေသုံးပြီး ပြင်ထားတဲ့ iPhone နဲ့iPads တွေကို ပြင်ဆင်ပေးဖို့ငြင်းဆန်ခဲ့တဲ့ Apple ကို သြစတြေးလျတရားရုံးမှ သြစတြေးလျ ဒေါ်လာ ၉ သန်း(အမေရိကန်ဒေါ်လာ ၆.၆ သန်းဝန်းကျင်) ဒဏ်ရိုက်ခဲ့ပါတယ်။
သြစတြေးလျတရားရုံးမှ ဒဏ်တပ်ခြင်းဟာ Apple အနေနဲ့ဒီ iPhone / iPad users တွေရဲ့ ပစ္စည်းကို service ပေးခွင့်ပေးမပေးဆိုတဲ့အပေါ်မှာ သုံးစွဲသူများကို အထင်အမြင်လွဲမှားစေခဲ့တာကြောင့် အခုလိုဒဏ်တပ်ရတာလို့ဆိုပါတယ်။ သြစတြေးလျဥပဒေအရ ဖုန်းပြင်ပေးဖို့ငြင်းဆန်ခြင်းကိုက ဥပဒေချိုးဖောက်ရာ ရောက်နေပါတယ်။ Apple အနေနဲ့ဖုန်းပြင်ပေးဖို့၊ ဖုန်းလဲလှယ်ပေးဖို့စတဲ့ ဖောက်သည်များရဲ့ ရပိုင်ခွင့်နဲ့ပတ်သတ်ပြီး အနည်းဆုံး လူပေါင်း ၂၇၅ ယောက်ကို နားလည်မှု လွဲမှားစေခဲ့တယ်လို့ဝန်ခံထားပါတယ်။ သြစတြေးလျ ဖက်ထရယ်တရားရုံးရဲ့ အဆိုအရ Apple ရဲ့ လုပ်ရပ်ဟာ စားသုံးသူ ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ဆုံးဖြတ်ခဲ့တာပါ။
သြစတြေးလျတစ်ခွင်မှ iPhone နဲ့iPad ကိုင်သူများဟာ software update တစ်ခုကို ဒေါင်းလုပ်ဆွဲပြီးနောက် သုံးလို့မရတော့တဲ့ ပြဿနာဖြစ်ခဲ့ရာကနေ Apple ကို အခုလို တရားစွဲဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအမှုမှာ third-party ပစ္စည်းအစိတ်အပိုင်းတွေသုံးပြီး ပြန်ပြင်ထားတဲ့ သြစတြေးလျမှ iPhone နဲ့iPad သုံးစွဲသူများဟာ Error 53 လို့ဆိုတဲ့ Apple မဟုတ်ဘဲ တစ်ခြားဆိုင်တွေကနေ ပြင်ထားတာတဲ့ ဖုန်းကို software update နဲ့အလုပ်မလုပ်နိုင်အောင် အပိတ်ခံခဲ့ရတာပါ။
၂၀၁၆ ခုနှစ်ထဲမှာ Apple ဟာ Error 53 နဲ့ခပ်ဆင်ဆင် ဖြစ်ရပ်များအတွက် တာဝန်ယူဖြေရှင်းပေးခဲ့ပြီး တရားဝင် တောင်းပန်မှုများ ပြုလုပ်ခဲ့ပါတယ်။ Error 53 အမှုဟာ Apple ဖောက်သည်ပေါင်း ၅၀၀၀ ကို ထိခိုက်နစ်နာစေခဲ့တယ်လို့လည်း သိရပါတယ်။