ဆုပေးဒဏ်ပေးစနစ်တွေ ကျင့်သုံးနေတာပါ

     Huawei ရဲ့ CFO အဖမ်းခံရပြီးတဲ့နောက် တရုတ်မှ ကုမ္ပဏီအချို့ဟာ အမေရိကန်ထုတ် iPhone ကို သပိတ်မှောက်ဖို့မူဝါဒသစ်တွေ ကျင့်သုံးလာပြီ ဖြစ်ပါတယ်။

         ဒီထဲမှာ ရှန်းကျန့်အခြေစိုက် LCD display supplier ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Menpad လည်း ပါဝင်ပါတယ်။ Menpad ဟာ Huawei ရဲ့ supplier တွေထဲက တစ်ခု ဖြစ်ပြီး iPhone ကိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ဒီ iPhone ဈေးနဲ့ညီမျှတဲ့ ဒဏ်ကြေး ပြန်ဆောင်ခိုင်းမယ်လို့ကြေငြာထားပါတယ်။ တစ်ဘက်မှာလည်း Huawei နဲ့ZTE ဖုန်းတွေ ဝယ်ကိုင်တဲ့ ဝန်ထမ်းတွေကို ဖုန်းတန်ဖိုးရဲ့ ၁၅% ပေးမယ်လို့ဆိုပါတယ်။

         Menpad အနေနဲ့ရုံးသုံးပစ္စည်းများ ၊ ကွန်ပျူတာများအပါအဝင် အမေရိကန်ထုတ် ပစ္စည်းတွေ ဝယ်ယူသုံးစွဲမှု ရပ်ဆိုင်းသွားမယ်လို့လည်း ကတိပြုထားပါတယ်။ Menpad ဟာHuawei ရဲ့ global supplier ၂၀၀၀ ကျော်ထဲက တစ်ခု ဖြစ်ပြီး LCD display အပြင် ရုပ်သံကွန်ဖရင့်စနစ်များ ၊ touch screen စက်များလည်း ထုတ်လုပ်ရောင်းချနေတာပါ။ ဒီကုမ္ပဏီအနေနဲ့သူ့ရဲ့ products တွေကို အမေရိကဈေးကွက်တွေမှာ ရောင်းချနိုင်တဲ့ ဝန်ထမ်းတွေကို ကော်မရှင်ခ ၂ ဆ တိုးပေးသွားမယ်လို့ဆိုပါတယ်။

         တရုတ် သုတေသနနဲ့ဖွံ့ဖြိုးရေး ကုမ္ပဏီ Chengdu TYD Information Technology ကလည်း ကိုယ်ရေးကိုယ်တာ သုံးဖို့Huawei ဖုန်း ဝယ်တဲ့ ဝန်ထမ်းတွေကို ဖုန်းဈေးရဲ့ ၁၅% စိုက်ပေးသွားမယ်လို့ကြေငြာထားပါတယ်။ဒီဝန်ထမ်းတွေအနေနဲ့Huawei ထုတ်ကုန်နဲ့ဆော့ဖ်ဝဲလ်တွေပဲ သုံးရမယ်လို့ Yahoo News မှာ ဖော်ပြထားပါတယ်။ iPhone တွေကို ဆန့်ကျင်လာတဲ့ နောက်ထပ် ကုမ္ပဏီတစ်ခုက Shaanxi Li'An Development Group ဖြစ်ပြီး ဒီကုမ္ပဏီကတော့ Huawei ဖုန်းသစ် ဝယ်မယ့် ဝန်ထမ်းတွေကို ဖုန်းတန်ဖိုးရဲ့ ၂၀% ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။

         ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့မှာ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်နဲ့Huawei တည်ထောင်သူ ရန်ဇီဖိန်းရဲ့သမီး ၊ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အရာရှိချုပ် မန်ဝမ်ဇောင်ကို ထိန်းသိမ်းဖမ်းဆီးပြီးနောက်မှာ တရုတ်နဲ့အမေရိကန်အကြား စီးပွားရေး တင်းမာမှုတွေ ရှိလာခဲ့တာပါ။ တရုတ်အမေရိကန် ကုန်သွယ်စစ် ရက် ၉၀ ပြေငြိမ်းစဉ် အီရန်ဈေးကွက်ထဲ ဝင်ရောက်မှုနဲ့မန်ဝမ်ဇောင်ကို ဖမ်းဆီးခဲ့တာပါ။ တရုတ်အာဏာပိုင်တွေဘက်မှ မန်ဝမ်ဇောင်ကို လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။

Photo: Gizmochina

         တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဟီနန်ပြည်နယ်မှ နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားလာရေး နေရာတစ်ခု ဖြစ်တဲ့ Shennong Mountain ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ၇က်နေ့က Weibo လူမှုကွန်ရက်ကနေ တစ်ဆင့် Huawei နဲ့Honor ဖုန်းကိုင်သူများကို ဒီဇင်ဘာ ၁၆ ကနေ ၂၉ ရက်နေ့အထိ အခမဲ့ ဝင်ခွင့် ပေးသွားမယ်လို့ကြေငြာထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က