မျက်နှာပြင် ၆.၅ လက်မရှိမှာပါ

လာမယ့် စက်တင်ဘာမှာ Apple ဟာ iPhone သစ် သုံးမျိုးကို ကြေငြာသွားမှာ ဖြစ်ပေမယ့် မိတ်ဆက်မယ့်ရက် မသိရသေးပါဘူး။



Screenshot-2017-12-07-at-03.51.40-640x400.png

Photo: phoneworld

 

ဒီနှစ် မိတ်ဆက်သွားမယ့် iPhone သစ်တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက မျက်နှာပြင် ၆.၅ လက်မ iPhone ဖြစ်မှာပါ။ ထွက်ဖူးသမျှ iPhone တွေထဲမှာ မျက်နှာပြင်အကြီးဆုံးနဲ့နည်းပညာ အမြင့်ဆုံး ဖုန်းဖြစ်ဖို့ရှိပေမယ့် ဒီဖုန်းအပါအဝင် iPhone အားလုံးရဲ့ နာမည်ကို တရားဝင်မသိရသေးပါဘူး။

iPhone သုံးမျိုးမှာ အငယ်ဆုံးဆိုဒ်ဟာ လက်ရှိ iPhone X အတိုင်း မျက်နှာပြင် ၅.၈ လက်မရှိပြီး ၆.၅ လက်မ iPhone လိုမျို: OLED display သုံးသွားမှာပါ။ တန်ဖိုးအနည်းဆုံး မျက်နှာပြင် ၆.၁ လက်မဖုန်းကတော့ LCD display နဲ့လာပြီး ဖုန်းအားလုံးဟာ Touch ID fingerprint စနစ်အစား Face ID လုံခြုံေ့းစနစ်ကို သုံးသွားမယ်လို့ဆိုပါတယ်။ စိတ်ဝင်စားစရာတစ်ခုက မျက်နှာပြင် အကြီးစား မော်ဒယ် ၂ မျိုးက တစ်ချို့ဈေးကွက်တွေမှာ dual SIM နဲ့လာမယ်ဆိုတာပါပဲ။

မျက်နှာပြင် အကြီးဆုံး iPhone သစ်မှာတော့ app နှစ်ခုကို ဘေးတိုက်ယှဉ်ကြည့်နိုင်မယ့် View Content Side-by-Side စနစ်မျိုး သုံးနိုင်ဖို့ရှိပါတယ်။ ဒီအတွက် Mail နဲ့Calendar လိုု app ကို screen မှာ တစ်ပြိုင်နက်တည်း ကြည့်နိုင်ဖို့ရှိပါတယ်။

iPhone X Plus အဖြစ် သတင်းထွက်ထားတဲ့ မျက်နှာပြင် ၆.၅ လက်မ iPhone အတွက် OLED display များကို LG Display ကနေ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ iPhone X Plus ရဲ့ နောက်ထပ် ထူးခြားချက်က ပိုပြီး အားသွင်းရ မြန်ဆန်တဲ့ wireless fast charging စနစ် ပါမယ်ဆိုတာပါပဲ။

iPhone သစ်တွေနဲ့အတူ ဒီနှစ်မှာ watchOS 5 စနစ်သုံး Apple Watch Series 4 သစ်ကိုလည်း မိတ်ဆက်သွားမှာပါ။ တစ်ချို့သတင်းတွေမှာတော့ iPhone X စတိုင် Face ID သုံးသွားမယ်ဆိုတဲ့ iPad Pro သစ်ကိုလည်း ကြေငြာသွားမယ်လို့ဖော်ပြနေကြပါတယ်။

Photo: idownloadblog

 

၂၀၁၈ မော်ဒယ် iPhone တွေကို ကာလာစုံနဲ့ထုတ်သွားမယ်လို့Bloomberg မှာ ဖော်ပြထားပေမယ့် ဘယ်လိုအရောင်တွေ ဖြစ်မယ်ဆိုတာတော့ မပြောထားပါဘူး။ OLED iPhone သစ်နှစ်မျိုးဟာ အမြန်နှုန်း performance ပိုင်းနဲ့ကင်မရာစနစ် အဆင့်မြှင်တင်မှုတွေကို အသားပေး မိတ်ဆက်သွားဖို့လည်း ရှိပြီး ဈေးနှုန်း ဒေါ်လာ ၁၀၀၀ နဲ့အထက် ဖုန်းတွေ ဖြစ်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က