iPhone သစ်ကိုင်ချင်တာနဲ့ပဲ ကိုယ့်ဖုန်းဟောင်းကို မတန်တဆဈေးချပြီး အလိုက်ပေးလဲတဲ့ Trade-In အစီအစဉ်က မတန်ဘူးလို့ ဆိုရမှာပါ။
Apple ရဲ့ iPhone သစ် Trade-In လဲနိုင်မယ့်အစီအစဉ်ဟာ အရင်ကထက် တခြားဖုန်းတွေရဲ့ သတ်မှတ်ဈေးကို လျှော့ချလိုက်ပြီ ဖြစ်ပါတယ်။ iPhone သစ်နဲ့ လဲချင်တဲ့ အန်းဒရိုက်ဖုန်းတွေကို Apple ဟာ ခန့်မှန်းအမြင့်ဆုံးဈေးကို သိသိသာသာ လျှော့ချလိုက်တယ်လို့ MacRumors က ဖော်ပြပါတယ်။ Flagship တန်းဝင် Samsung နဲ့ Galaxy Pixel ဖုန်းတွေရဲ့ Trade-In ဈေးကို အရင်ကထက် လျှော့လိုက်တာပါ။
Photo: HelloTech
အရင်က ခန့်မှန်းအမြင့်ဆုံးတန်ဖိုး ၄၃၅ ဒေါ်လာ သတ်မှတ်ထားတဲ့ Galaxy S21+ (5G) ကို ၃၂၅ ဒေါ်လာ ၊ Galaxy Note 20 Ultra ကို အရင် ၅၄၅ ဒေါ်လာကနေ ၄၀၅ ဒေါ်လာ လျှော့ချခဲ့သလို ၃၁၅ ဒေါ်လာသတ်မှတ်ခဲ့တဲ့ Pixel 5 ကို ၂၃၅ ဒေါ်လာဈေးတွေ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ Android ဖုန်းတွေအပြင် mac နဲ့ iPad တွေရဲ့ Trade-In ဈေးတွေလည်း လျှော့ချခဲ့တာတွေ လုပ်ထားပါတယ်။
ခန့်မှန်းအမြင့်ဆုံး သတ်မှတ်ဈေးအပြောင်းအလဲတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
- Samsung Galaxy S21 5G - $260 ($325)
- Samsung Galaxy S21+ 5G - $325 ($435)
- Samsung Galaxy S20+ - $205 ($275)
- Samsung Galaxy S20 - $150 ($205)
- Samsung Galaxy S10+ - $170 ($185)
- Samsung Galaxy S10 - $150 ($160)
- Samsung Galaxy S10e - $120 ($130)
- Samsung Galaxy S9+ - $80 ($95)
- Samsung Galaxy S9 - $65 ($75)
- Samsung Galaxy S8+ - $60 (no change)
- Samsung Galaxy S8 - $50 (no change)
- Samsung Galaxy Note 20 Ultra - $405 ($545)
- Samsung Galaxy Note 20 - $285 ($385)
- Samsung Galaxy Note 10 - $175 ($235)
- Samsung Galaxy Note 9 - $120 ($130)
- Samsung Galaxy Note 8 - $45 ($65)
- Google Pixel 5 - $235 ($315)
- Google Pixel 4 XL - $135 ($180)
- Google Pixel 4 - $110 ($150)
- Google Pixel 4a - $120 ($160)
- Google Pixel 3 XL - $50 ($70)
- Google Pixel 3 - $45 ($55)
- Google Pixel 3a XL - $50 ($55)
- Google Pixel 3a - $50 (no change)
- Baseline iPad - $200 ($205)
- iPad Air - $335 ($345)
- MacBook Pro - $1415 ($1630)
- MacBook Air - $530 ($550)
- MacBook (discontuined) - $325 ($340)
- iMac - $1260 ($1320)
- Mac mini - $740 ($800)
ဒီဈေးတွေဟာ iPhone သစ်နဲ့ Trade-In (အဟောင်းပေး အသစ်ယူ) လဲလှယ်ရာမှာ အမြင့်ဆုံးပေးနိုင်တဲ့ ဈေးနှုန်းတွေ ဖြစ်ပြီး ပစ္စည်းအခြေအနေပေါ်လိုက်ပြီး သတ်မှတ်ဈေး ဒီထက်နည်းဖို့ပဲ ရှိမှာ ဖြစ်ပါတယ်။