iPad Pro သစ်လည်း မိတ်ဆက်သွားမှာပါ

တစ်နှစ်တာအတွက် Apple ရဲ့ အထင်ကရ iPhone မိတ်ဆက်ပွဲကြီးကတော့ ရက်သတ်မှတ်ပြီး ဖြစ်လို့iPhone fan တွေအတွက် ရင်ခုန်ရမယ့် နေ့ရက်တွေ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

IPHONE-XS.jpg

Photo: 9to5Mac

 

ကယ်လီဖိုးနီးယားပြည်နယ် ၊ ကူပါတီနိုမှာ ရှိတဲ့ Apple ရဲ့ Steve Jobs Theater သစ်မှာ Apple ဟာ iPhone သစ် ၃ မျိုးနဲ့အတူ စတုတ္ထမျိုးဆက် Apple Watch နာရီသစ်များနဲ့iPad Pro မော်ဒယ်သစ်များ မိတ်ဆက်သွားမှာပါ။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့Apple ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး 9to5Mac သတင်းကတော့ iPhone Xs နာမည်နဲ့ထွက်လာမယ်လို့ဖော်ပြထားပါတယ်။

iPhone XS ဆိုတဲ့ နာမည်ဟာ မျက်နှာပြင် ၅.၈ လက်မနဲ့၆.၅ လက်မ OLED iPhone သစ်နှစ်မျိုးစလုံးအတွက် ရည်ညွှန်းထားတာ ဖြစ်ပြီး တရားဝင်ခေါ်ဆိုမယ့် နာမည်ဟုတ် မဟုတ်တော့ မသိရသေးပါဘူး။ သေချာသလောက် ရှိတဲ့ အချက်တစ်ချက်က iPhone သစ်တွေဟာ ဘေးဘောင် bezel ပါးပါးနဲ့edge-to-edge display ပါရှိမှာ ဖြစ်ပြီး Home Button စနစ်ကို လုံးဝ ဖျောက်ပစ်ဖို့ရှိပါတယ်။

9to5mac မှာ တက်လာတဲ့ နောက်ထပ် သတင်းတစ်ခုက ဒီနှစ် iPhone XS တွေဟာ ရွှေရောင် Gold ကာလာနဲ့ပါ မိတ်ဆက်သွားမယ် ဆိုတဲ့ အချက်ပါ။ အရင်နှစ်က မိတ်ဆက်သွားခဲ့တဲ့ OLED panel သုံး တစ်လုံးတည်းသော iPhone X ကတော့ ငွေနဲ့ခဲ ကာလာနှစ်ရောင်တည်းပဲ ထွက်ခဲ့တာ ဖြစ်လို့ဒီနှစ် high-end မော်ဒယ် iPhone တွေမှာ အရောင်အသွေး ပိုစုံစုံလင်လင်နဲ့ဝယ်လို့ရတော့မှာ ဖြစ်ပါတယ်။

OLED panel သုံး တန်ဖိုးကြီး iPhone နှစ်မျိုးနဲ့အတူ မျက်နှာပြင် ၆.၁ လက်မ LCD display မော်ဒယ်ကိုလည်း Apple က မိတ်ဆက်သွားမှာပါ။ iPhone X နဲ့XS တွေမှာ စတီးဖရိန်ကွပ်ထားပြီး ၆.၁ လက်မမော်ဒယ်ကတော့ အလူမီနီယံကွပ်ထားမယ်ဆိုတဲ့သတင်းကလည်း စိတ်ဝင်စားစရာပါ။

ဒီနှစ်ပွဲရဲ့ ဖိတ်စာမှာ Gather round ဆိုတဲ့ ဆောင်ပုဒ်နဲ့လာပြီး ရွှေနဲ့copper စပ် အဝိုင်းသဏ္ဍာန်တစ်ခု ပါလာပါတယ်။ တစ်ချို့ကတော့ ဒီအဝိုင်းဟာ Apple ရဲ့ ဒေါ်လာ ၅ ဘီလံျတန် Apple Park ကို ရည်ညွှန်းတယ်လို့ထင်မြင်ချက်ပေးနေပါတယ်။ 

Photo: Apple

 

ဒီပွဲမှာ iPhone တွေက အဓိက မိတ်ဆက်သွားမယ့် ထုတ်ကုန်တွေ ဖြစ်ပေမယ့် စတုတ္ထမျိုးဆက် Apple Watch နဲ့iPad Pro တို့ကလည်း စောင့်ကြည့်ရမယ့် ထုတ်ကုန်တွေအဖြစ် ရှိနေမှာပါ။

 

Share

Loading Next Article...
က္က