ချက်တာဂျီကတော့ ဈေးကွက်လေ့လာရေးထဲမှာ Five Star ရထားသူတစ်ဦးပါ

5G ပါလာတဲ့ ပထမဆုံး iPhone SE မော်ဒယ်သစ်ကို စိတ်ဝင်စားနေကြတဲ့ အန်းဒရိုက်သုံးစွဲသူ သန်း ၁၄၀၀ အထိ ရှိမယ်လို့ ဘဏ္ဍာရေးလေ့လာသူတွေက ဆိုပါတယ်။ 

အန်းဒရိုက်ကနေ iPhone SE (2022) ပြောင်းပြီး ဝယ်ကိုင်ချင်သူ ၁.၄ ဘီလျံခန့် ရှိမယ်လို့ နာမည်ကျော် JP Morgan ရဲ့ ဈေးကွက်လေ့လာသူ ဆာမစ်ခ် ချက်တာဂျီရဲ့ အစီရင်ခံစာက ဖော်ပြထားတာပါ။ Apple ရဲ့ ဈေးအချိုဆုံး iPhone သစ်ဖြစ်မယ့် iPhone SE (2022) ကို ဒီနှစ် နှစ်ဆန်းပိုင်းမှာ ကြေညာသွားဖို့ ရှိပါတယ်။ iPhone SE မော်ဒယ်တွေဟာ ပြိုင်ဘက် စမတ်ဖုန်းကုမ္ပဏီတွေနဲ့ Mid-Range တန်းဈေးကွက်ကို ယှဉ်ဖိုက်ဖို့ ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။



Photo: 9to5Mac

၂၀၂၂ မှာ ထွက်လာမယ့် iPhone SE သစ်ဟာ တန်ဖိုးနည်း Low-end နဲ့ အလတ်တန်းစား Mid-Range အန်းဒရိုက်ဖုန်းကိုင်သူ သန်း ၁၄၀၀ နီးပါးနဲ့ အရင် iPhone ဟောင်းကိုင်သူ သန်း ၃၀၀ ခန့်ကို ဆွဲဆောင်နိုင်မယ်လို့လည်း ချက်တာဂျီက သုံးသပ်ထားပါတယ်။ ချက်တာဂျီဟာ ဈေးကွက်ခန့်မှန်းရာမှာ တိကျမှုကြောင့် Refinitiv Eikon မှာ Five Star ရထားသူလည်း ဖြစ်ပါတယ်။

"Apple ရဲ့ non-iPhone တွေအတွက် Trade-In လဲလှယ်ပေးတဲ့ အစီအစဉ်က iPhone ကို ဈေးသက်သက်သာသာနဲ့ အလိုက်ပေးတာလောက် ဆွဲဆောင်မှု မရှိပါဘူး။ ဘယ်လိုပဲပြောပြော ပျမ်းမျှခြင်း ၂၆၉ ဒေါ်လာကနေ ၃၉၉ ဒေါ်လာကြား ဈေးကနေ စပြီး 5G iPhone SE ဝယ်နိုင်မယ့်အချက်က အလွန်ပဲ အားသာချက်ရှိနေဆဲ ဖြစ်ပါတယ်။" လို့ ချက်တာဂျီက ပြောပါတယ်။ 

Android OS စနစ် ထောက်ပံ့ပေးနေတဲ့ Google ကတော့ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေကြတဲ့ Android ထုတ်ကုန်ပေါင်း သန်း ၃၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ချက်တာဂျီအနေနဲ့ အန်းဒရိုက် Users တစ်ဝက်လောက် iPhone SE (2022) ပြောင်းလာနိုင်တယ်လို့ တွက်ချက်လိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။ ချက်တာဂျီက သူ့ခန့်မှန်းတွက်ချက်မှုကို ကာကွယ်တဲ့ နေရာမှာ 5G iPhone မတတ်နိုင်လို့ အန်းဒရိုက်ကိုင်နေရတဲ့ Users တွေကို ဘက်ဂျက် 5G iPhone SE က ဆွဲဆောင်နိုင်မယ်လို့ ပြောထားပါတယ်။ 

PHoto: MacRumors


iPhone SE သစ်ဟာ ၃၉၉ ဒေါ်လာဈေးကနေ စတင်ရောင်းချနေပြီး ၇၉၉ ဒေါ်လာ ဈေးနဲ့ စတင်ရောင်းချနေတဲ့ iPhone 13 ၊ ၉၉၉ ဒေါ်လာတန် iPhone 13 Pro တို့နဲ့ စာရင် အတော်လေး ဘက်ဂျက်ကျတယ်လို့ ပြောနိုင်ပါတယ်။ ချက်တာဂျီရဲ့ ခန့်မှန်းချက်ထဲမှာ ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း iPhone SE အလုံးရေ သန်း ၃၀ အထိ ရောင်းချနိုင်ဖို့ ရှိပြီး တစ်နှစ်တာ iPhone တင်ပို့မှု အလုံးရေ သန်း ၂၅၀ အထိ ရှိလာမယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်နှစ် iPhone တင်ပို့မှုထက် ၁၀ သန်း ပိုများလာတာလည်း ဖြစ်ပါတယ်။

၂၀၂၂ မော်ဒယ်အရင်မှာ 5G မပါတဲ့ iPhone SE မော်ဒယ်နှစ်မျိုး ထွက်ထားပြီး ဒီဇိုင်းပိုင်း အဟောင်းဆန်မှု ၊ ပြောလောက်အောင် ထူးခြားချက် မတွေ့ရမှုတွေနဲ့ တန်ဖိုးတူ အန်းဒရိုက်တွေရဲ့ ပြိုင်ဆိုင်မှုကို မကျော်နိုင်ခြင်းကြောင့် အန်းဒရိုက် Users အများအပြား iPhone SE သစ် ပြောင်းကိုင်တာမျိုးတော့ မကြုံခဲ့ဖူးပါဘူး။ iPhone SE 2022 ဟာ စိတ်ဝင်စားစရာကောင်းပေမယ့် ထင်သလောက်ကြီး Android Users တွေကို ဆွဲဆောင်နိုင်ဖို့တော့ မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က