ကင်မရာပုံစံသစ်က ဆွဲဆောင်မှု ဖြစ်လာမလား

စက်တင်ဘာ ၁၀ ရက်နေ့မှာ iPhone မိတ်ဆက်မယ့်အကြောင်း အားလုံးလည်း သိပြီး ဖြစ်မှာပါ။ ဒီပွဲမတိုင်ခင် ပုံမှန်အတိုင်း iPhone သစ်အကြောင်း ကောလာဟာလတွေက ရှိနေပြီး ဖြစ်သလို သေချာသလောက် ရှိတဲ့ သတင်းတွေလည်း ထွက်ထားပါတယ်။

အခုထိ iPhone သစ်တွေရဲ့ နာမည်ကို မသိရသေးပေမယ့် CNET သတင်းက iPhone 11 Pro ၊ iPhone 11R နဲ့iPhone 11 Max နာမည်တွေနဲ့ထွက်လာဖို့ရှိတယ်လို့ခန့်မှန်းထားပါတယ်။ သေချာတာကတော့ ၂၀၁၉ မှာလည်း အရင်အတိုင်းပဲ iPhone သစ် ၃ မျိုး ကြေညာရဖို့ရှိပါတယ်။ ဒီနှစ်ထွက်လာမယ့် iPhone သစ်တွေမှာ Apple ဟာ ဘယ်လို အပြောင်းအလဲတွေ လုပ်သွားဖို့ရှိမလဲ။


(၁) ကင်မရာဒီဇိုင်း


Photo: businessinsider

iPhone သစ်တွေရဲ့ အကြီးဆုံး အပြောင်းအလဲကတော့ camera setup ဖြစ်မှာပါ။ ကင်မရာအနေနဲ့Apple ဟာ ပထမဆုံးအကြိမ်အဖြစ် triple lens ကင်မရာ စနစ်ကို သုံးတဲ့ iPhone ကို စက်တင်ဘာ ၁၀ ရက်နေ့ပွဲမှာ မိတ်ဆက်သွားဖို့ရှိပါတယ်။ iPhone XR နေရာ ရောက်လာမယ့် iPhone သစ်ကတော့ dual camaras စနစ်နဲ့လာဖို့များပါတယ်။

ကင်မရာဒီဇိုင်းကတော့ စတုရန်းကွက် ကင်မရာ ပုံစံနဲ့လာဖို့ရှိပြီး ultra wide-angle lens လည်း ပါဖို့ရှိပါတယ်။ ကင်မရာ စွမ်းရည်အနေနဲ့Google Pixels တွေမှာ သုံးတဲ့ Night Sight လိုမျိုး low-light ရိုက်ချက်ကောင်းတွေ မြင်ရဖို့လည်း ရှိပါတယ်။


(၂) ထောင့်ပေါင်းစုံကနေ မျက်နှာဖတ်နိုင်မယ့် FaceID

Photo: 9to5mac



Apple ဟာ FaceID မှာလည်း upgrade တွေ လုပ်သွားဖို့ရှိပါတယ်။ တစ်ခုကတော့ multiangle လို့ခေါ်တဲ့ မျက်နှာကို ထောင့်ပေါင်းစုံကနေ လှမ်းဖတ်နိုင်မယ့် စနစ်ပါ။ Bloomberg သတင်းရဲ့ အဆိုအရ ဒါဟာ သုံးစွဲသူရဲ့ မျက်နှာကို ပိုပြီး မြင်ကွင်းကျယ်ကျယ် scan ဖတ်နိုင်တဲ့ မျက်နှာပြင်ဖတ် နည်းပညာကြောင့်လို့ဆိုပါတယ်။


(၃) Slow-motion နဲ့ဆယ်လ်ဖီဆွဲနိုင်မယ့် စနစ်


iPhone သစ်တွေရဲ့ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး နောက်ထပ်ကြားရတဲ့ အချက်က slow-mo selfie ဗွီဒီယိုတွေ ရိက်ကူးနိုင်မယ်ဆိုုတဲ့ အချက်ပါ။ ရှေ့ကင်မရာဟာ 120fps နှုန်းနဲ့ရိုက်ကူးနိုင်မယ်လို့သတင်းတွေ ထွက်နေပါတယ်။


(၄) Reverse Wireless Charging


Photo: GSMArena

အားသွင်းတဲ့ နည်းစနစ်နဲ့ပတ်သက်ပြီး iPhone သစ်တွေမှာ မြင်ရဖို့ရှိတာက AirPods တွေကို iPhone နောက်ကျောပေါ် တင်လိုက်တာနဲ့အားသွင်းလို့ရမယ့် ကြိုးမဲ့နည်းပညာပါ။ Reverse Wireless Charging ဟာ Huawei နဲ့Samsung ရဲ့ နောက်ဆုံးထွက် flagship ဖုန်းတွေမှာ မြင်ပြီးသား နည်းပညာဖြစ်ပေမယ့် iPhone အတွက်တော့ အသစ်လို့ဆိုရမှာပါ။


(၅) ပိုကြီးလာမယ့် ဘက်ထရီပါဝါ


Photo: onemorething

ဒီနှစ်ထဲ ထွက်လာမယ့် iPhones တွေဟာ အရွယ်အစားအားဖြင့် ၂၀၁၈ မော်ဒယ်တွေနဲ့တစ်ပုံစံတည်း ဖြစ်ပြီး ဘက်ထရီပါဝါမှာ ပိုကြီးလာမယ်လို့ခန့်မှန်းမှုတွေ ရှိနေပါတယ်။ iPhone XS/XS Max နဲ့iPhone XR တို့ဟာ 3200 mAh ၊ 3500 mAh နဲ့3100 mAh ဘက်ထရီပါဝါတွေ သုံးသွားမယ်လို့DigiTimes က ဆိုပါတယ်။

ဒီနှစ် iPhone event ဖိတ်စာမှာ သက်တံ့ကာလာတန်းနဲ့ပြထားပြီး အရောင် ၅ မျိုး ပါတာကြောင့် iPhone သစ်တွေမှာ ကာလာ ၅ ရောင်ပါမယ်လို့ယူဆရပါတယ်။ Bloomberg သတင်းဌာနက reviewer ဖြစ်သူ မာ့ခ်ဂါမန်ရဲ့ Tweet မှာ iPhone XR အဆက်အဖြစ် ထွက်လာမယ့် မော်ဒယ်ဟာ အစိမ်းနဲ့ခရမ်းနုရောင် ကာလာသစ်တွေ ပါလာမယ်လို့ဆိုပါတယ်။

တကယ်လို့Apple event ဖိတ်စာသာ မှန်မယ်ဆိုရင် အနီ ၊ အပြာ ၊ လိမ္မော် ၊ အစိမ်းနဲ့ခရမ်းနုရောင် ကာလာတွေ မြင်ရဖို့မျှော်လင့်ရပါတယ်။

iPhone သစ်တွေကို အဓိကထားပြီး ပြောကြပေမယ့် လာမယ့် စက်တင်ဘာ ၁၀ ရက်နေ့မှာ Apple TV သစ် ၊ ဈေးပိုသက်သာတဲ့ HomePod ၊ Apple Watch Series 5 ၊ ၁၀.၂ လက်မ iPads သစ် နဲ့၁၆ လက်မ MacBook Pro တို့ကိုလည်း မိတ်ဆက်သွားမယ်လို့သတင်းတွေ ထွက်နေပါတယ်။

Share

Loading Next Article...
က္က