တရားစွဲမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်

ဆော့ဖ်ဝဲလ် update ကနေ တစ်ဆင့် iPhone မော်ဒယ်ဟောင်းတွေကို အသုံးပြုရ နှေးကွေးအောင် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ပြင်သစ်နိုင်ငံ စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုက Apple ကို ယူရို ၂၅ သန်း ဒဏ်ရိုက်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ပြိုင်ဆိုင်မှု မူဝါဒ ၊ စားသုံးသူရေးရာနဲ့ ထိန်းချုပ်ရေးအထွေထွေ ညွှန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ Apple ဟာ ဒဏ်ကြေးပေးဖို့ သဘောတူထားပြီး ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ချက်ကို တစ်လကြာ ဖော်ပြသွားမယ်လို့ ဆိုပါတယ်။ The Verge သတင်းအရ Apple ဟာ iPhone 6/6 Plus / 6S / 6S Plus နဲ့ iPhone SE တို့ကို software update ကနေ နှေးကွေးအောင် လုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။



Photo: Phone Arena

၂၀၁၇ နှစ်ကုန်ပိုင်းမှာ iOS နောက်ဆုံးထွက်ဗားရှင်းကို တင်ခဲ့တဲ့ iPhone မော်ဒယ်ဟောင်း ပိုင်ရှင်တွေဟာ ဖုန်းအသုံးပြုမှု နှေးကွေးလာကြောင်း တွေ့ရှိခဲ့ရာကနေ Apple ကို ပြင်သစ်အဖွဲ့အစည်းမှ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးချက်အရ Apple ဟာ iOS 10.2.1 နဲ့အတူ feature တစ်ခုကို ထည့်သွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒီ feature ဟာ သက်တမ်းရင့် ဘက်ထရီဟောင်းကြောင့် မထင်မှတ်ဘဲ ဖုန်း ပါဝါပိတ်သွားမယ့် ပြဿနာကို ကာကွယ်ဖို့ ဒီဇိုင်းထုတ်ထားတာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီ fearture အကြောင်း သုံးစွဲသူကို အကြောင်းကြားခြင်း မရှိသလို သုံးစွဲသူအနေနဲ့ အရင် ဗားရှင်းဟောင်းကို ပြန်ထားဖို့ ၊ လက်ရှိ feature ကို ပိတ်ဖို့လည်း option မပေးခဲ့ပါဘူး။

“iPhone ပိုင်ရှင်တွေကို iOS 10.2.1 နဲ့ 11.2 တင်မယ်ဆိုရင် ဖုန်းရဲ့ လုပ်ဆောင်ချက် နှေးလာမယ်လို့ အသိပေးခြင်း မရှိခဲ့ပါဘူး” လို့ Apple ကို ဒဏ်ရိုက်လိုက်တဲ့ ပြင်သစ် အဖွဲ့အစည်းက ဆိုပါတယ်။ ဒါကြောင့်ပဲ Apple ဟာ လွဲမှားတဲ့ ဈေးကွက်ကျင့်ထုံး သုံးမှုနဲ့ အပြစ်ရှိကြောင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Apple ဟာ နောက်ပိုင်းမှာ ဘက်ထရီသစ်တစ်လုံးကို ဒေါ်လာ ၅၀ နဲ့ ဈေးချပြီး လဲပေးတဲ့ အစီအစဉ်တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ iPhone မော်ဒယ်ဟောင်းတွေကို ဆော့ဖ်ဝဲလ်နဲ့ တမင်နှေးကွေးအောင် လုပ်ခဲ့မှုကြောင့် Apple ကို အီတလီအာဏာပိုင်တွေက ယူရို ၅ သန်း ဒဏ်ရိုက်ခဲ့သလို အမေရိကန်နိုင်ငံအနှံအပြားမှာလည်း တရားစွဲခံထားရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က