စွပ်စွဲမှု အများစု မှားတယ်လို့Apple က ဆိုပါတယ်။

Foxconn စက်ရုံတွေဟာ တရုတ်အလုပ်သမားဥပဒေကို ချိုးဖောက်နေတယ်လို့တရုတ်အလုပ်သမားရေး စောင့်ကြည့်အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

iPhone တွေ အဓိကထုတ်လုပ်ပေးနေတဲ့ Foxconn ဟာ လုပ်ငန်းခွင်ရဲ့ ၅၀% ကို ယာယီဝန်ထမ်းတွေနဲ့လည်ပတ်နေတယ်လို့Bloomberg သတင်းက ဖော်ပြထားပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့iPhone သစ် မိတ်ဆက်ပွဲမတိုင်ခင်မှာ တရုတ်အလုပ်သမားရေး စောင့်ကြည့်အဖွဲ့အစည်း CLW ရဲ့ လျှို့ဝှက်စုံစမ်းစစ်ဆေးသူတွေဟာ တရုတ်နိုင်ငံ Zhengzhou မှာရှိတဲ့ Foxconn စက်ရုံမှာ အလုပ်ဝင်လုပ်ပြီး စုံစမ်းခဲ့တာဖြစ်တယ်လို့လည်း ဒီသတင်းမှာ ဆိုပါတယ်။

Photo: 9to5mac

CLW ရဲ့ အစီရင်ခံစာမှာတော့အဖွဲ့အစည်းကနေ စေလွှတ်ထားတဲ့ သူတွေထဲမှာ ပြီးခဲ့တဲ့ ၄ နှစ်ကတည်းက Foxconn မှာ အလုပ်ဝင်နေတဲ့ သူတစ်ယောက်လည်း ပါဝင်တယ်လို့သိရပါတယ်။ တရုတ်အလုပ်သမားဥပဒေအရ လုပ်ငန်းခွင်တစ်ခုမှာ ယာယီဝန်ထမ်းဦးရေဟာ ၁၀% ထက် ကျော်လို့မရပေမယ့် Foxconn ကတော့ သြဂုတ်လထဲမှာ ဝန်ထမ်းအင်အားရဲ့ ၅၀% ခန့်ကို ဆွဲခန့်ဝန်ထမ်းတွေနဲ့လည်ပတ်ခဲ့တာ ဖြစ်တယ်လို့CLW က မှတ်ချက်ပြုထားပါတယ်။


CLW ရဲ့ အစီရင်ခံစာအရ ယာယီဝန်ထမ်းတွေထဲက အများအပြားဟာ ကျောင်းသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအစီရင်ခံစာမှာပဲ Foxconn ဟာ အလုပ်သင်ကျောင်းသား အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းပြီး သတ်မှတ်ထားတဲ့ ဆုကြေးမရတာမျိုးတွေလည်း ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ ကမ္ဘာအကြီးဆုံး နိုင်ငံစုံ ကုမ္ပဏီကြီး တစ်ချို့အတွက် ကစားစရာအရုပ်များ ၊ ဖိနပ်များ ၊ အီလက်ထရွန်းနစ်နဲ့တစ်ခြားကုန်ပစ္စည်များ ထုတ်လုပ်ပေးနေတဲ့ တရုတ်စက်ရုံတွေကို စုံစမ်းစစ်ဆေးနေတဲ့ CLW ဟာ နယူးယော့ခ်မှာ ရုံးတစ်ခု ၊ ရှန်းကျန့်ရုံးတစ်ခု ဖွသ့်လှစ်စပြီး တရုတ်မှ စက်ရုံလုပ်သားများ အရေး ဆောင်ရွက်နေတာပါ။

၂၀၀၀ ခုနှစ်က စတင်တည်ထောင်ထားခဲ့တဲ့ CLW ရဲ့ အစီရင်ခံစာမှာတော့ သြဂုတ်လအတွင်းက Foxconn မှာ အလုပ်ဝင်နေတဲ့ ဝန်ထမ်း ၅၀% ခန့်ဟာ ယာယီဝန်ထမ်းတွေ ဖြစ်ပြီး ဒီထဲမှာ ကျောင်းသားတွေလည်း ပါနေတယ်လို့ဆိုပါတယ်။ သြဂုတ်လကုန် ကျောင်းပြန်တက်တာကြောင့် အခုချိန်မှာ ယာယီဝန်ထမ်းအရေအတွက်ဟာ ၃၀% အထိ ကျဆင်းသွားဖို့ရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒီစုံစမ်းမှု ထွက်လာပြီးတဲ့နောက် Foxconn စက်ရုံတွေမှာ အလုပ်သမားစံသတ်မှတ်ချက်တွေထက် ကျော်ပြီး ပြင်ပ ယာယီဝန်ထမ်းတွေ ခန့်ထားတာ တွေ့ရကြောင်းနဲ့ဒီပြဿနာကို ဖြေရှင်းဖို့Foxconn နဲ့နီးနီးကပ်ကပ် လုပ်ဆောင်နေကြောင်း Apple က ဆိုပါတယ်။ "ကျွန်တော်တို့supply chain ထဲက လူတိုင်းဟာ ဂုဏ်သိက္ခာနဲ့လေးစားမှုနဲ့ဆက်ဆံခံရသင့်တယ်လို့ယုံကြည်ပါတယ်" လို့Apple က ထုတ်ပြန်ပါတယ်။

Photo: idownloadblog

Apple ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ CLW ရဲ့ စွပ်စွဲမှုတွေထဲက အများစု မှားယွင်းကြောင်း ၊ အလုပ်သမားအားလုံးကို ဘောနပ်စ်နဲ့အချိန်ပိုကြေး အပါအဝင် ထိုက်သင့်တဲ့ လျော်ကြေး ပေးထားကြောင်းနဲ့အချိန်ပိုဆင်းရတဲ့ အလုပ်အားလုံးဟာ ဝန်ထမ်းတွေရဲ့ စိတ်ဆန္ဒလျောက်ဖြစ်ပြီး အတင်းအကျပ် ဖိအားပေး စေခိုင်းခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။ Apple ဟာ supplier ဝန်ထမ်းတွေနဲ့အင်တာဗျူးပေါင်း ၄၄၀၀၀ လုပ်ခဲ့ပြီး အလုပ်ခွင်အနေအထားနဲ့သူတို့ရဲ့ အသံကို နားထောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Hoi Hai Precision Industry Co လို့တရားဝင် နာမည်ပေးထားတဲ့ Foxconn ဟာ နှစ်စဉ်နှစ်တိုင်း iPhone သစ် ထုတ်လုပ်မှု လျာထားချက် ပြည့်မီဖို့အတွက် အားလပ်ရက်ရာသီများအတွင်းမှာ ယာယီဝန်ထမ်းပေါင်း သောင်းနဲ့ချီငှားရမ်းနေတယ်လို့လည်း Bloomberg က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် iPhone X တပ်ဆင်ထုတ်လုပ်ချိန်ကလည်း Foxconn ဟာ အထက်တန်းကျောင်းသူကျောင်းသားတွေကို တရားမဝင်အချိန်ပိုဆင်းခိုင်းခဲ့တာကြောင့် Apple ဟာ သင့်လျော်တဲ့ စံချိန်စံညွှန်းနဲ့အညီဖြစ်စေဖို့ကျွမ်းကျင်သူများ စေလွှတ်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က