အိန္ဒိယမှာ ထုတ်ထားတဲ့ iPhone SE/iPhone 6s တို့ရောင်းအားကတော့ တက်မလာသေးပါဘူး

၂၀၁၇ ကတည်းက iPhone တွေကို အိန္ဒိယက စက်ရုံတွေမှာ တပ်ဆင်ခဲ့တဲ့ Apple ဟာ ၂၀၁၉ မှာ ပိုပြီး တန်ဖိုးကြီးတဲ့ iPhone X နဲ့နောက်ထွက်ဖုန်းသစ်တွေကိုပါ တပ်ဆင်ထုတ်လုပ်သွားဖို့ရှိပါတယ်။

Photo: indianexpress



         Apple ဟာ အိန္ဒိယမှာ iPhone X ထုတ်လုပ်မယ့် အစီအစဉ်အတွက် Foxconn ရဲ့ ဒေသတွင်းရုံးခွဲနဲ့ပူးပေါင်းသွားမယ်လို့CNBC သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၉ နှစ်ဆန်းပိုင်းကစပြီး high-end iPhone မော်ဒယ်တွေကို စတင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဒီထဲမှာ iPhone X နဲ့နောက်ပိုင်းမော်ဒယ်တွေ ပါဝင်မယ်လို့ဆိုပါတယ်။

         Foxconn ဟာ အိန္ဒိယဈေးကွက်အတွက် Xiaomi ဖုန်းတွေကို ထုတ်လုပ်ပေးနေတဲ့ စမတ်ဖုန်းစက်ရုံတစ်ခုဖြစ်ပြီး iPhone ထုတ်လုပ်ရေးမှာ ရင်းနှီးမြှပ်နှံဖို့အပါအဝင် စက်ရုံတိုးချဲ့ရေးအတွက် ရူပီး ၂၅ ဘီလျံ (ဒေါ်လာ ၃၆၅ သန်း ) မြှပ်နှံသွားမယ်လို့တမီလ်နာဒူးပြည်နယ် စက်မှုဝန်ကြီး ဆမ်ပတ်က Reuters သတင်းဌာနကို ပြောကြားထားပါတယ်။

         အလုပ်အကိုင်ပေါင်း ၂ သောင်းခွဲခန့်ဖန်တီးပေးနိုင်မယ့် ဒီစက်ရုံရင်းနှီးမြှပ်နံှမှုဟာ အိန္ဒိယအစိုးရရဲ့ သွင်းကုန်အခွန် မူဝါဒသစ်နဲ့တိုက်ရိုက်ပတ်သက်နေတာပါ။ အိန္ဒိယဈေးကွက်မှာ စမတ်ဖုန်း ဝေစု လျော့ကျလာနေတဲ့ Apple ဟာ အစိုးရရဲ့ စမတ်ဖုန်းသွင်းကုန်အခွန် ၁၅%ကနေ ၂၀% အထိ တိုးမြှင့်မှုကြောင့် တန်ဖိုးကြီး iPhone တွေကို အိန္ဒိယစက်ရုံတွေမှာ တပ်ဆင်ထုတ်လုပ်ဖို့စီစဉ်လာတာပါ။

         လက်ရှိအချိန်အထိ Apple ဟာ iPhone SE နဲ့iPhone 6s လိုမျိုး တန်ဖိုးသင့် iPhone တွေကိုပဲ ဘင်္ဂလားရုမှာ ရှိတဲ့ Wistron Corp စက်ရုံမှာ တပ်ဆင်ထုတ်လုပ်ထားတာပါ။ Apple ဟာ ကမ္ဘာ့ဈေးကွက်မှာ စမတ်ဖုန်းဝေစု ၁၃% ခန့်ရှိထားပေမယ့် အိန္ဒိယဈေးကွက်မှာတော့ စမတ်ဖုန်းဈေးကွက် ၂% ပဲ ပိုင်ထားတာ ဖြစ်ပါတယ်။ ၂၀၁၈ နှစ်လယ်အထိ အိန္ဒိယဈေးကွက်မှာ iPhone ရောင်းအားဟာ အလုံးရေ ၁ သန်း မပြည့်ခဲ့ပါဘူး။

Photo: The Star Online

         အိန္ဒိယမှာ ထုတ်လုပ်ရောင်းချနေတဲ့ iPhone SE နဲ့iPhone 6s တွေကလည်း အခုချိန်အထိ ရောင်းအားတက်မလာသေးချိန်မှာ Apple အနေနဲ့အခုလို high-end တန်ဖိုးကြီး iPhone သစ်တွေ ထုတ်လုပ်သွားမယ့် အစီအစဉ်ဟာ စဉ်းစားစရာ ဖြစ်နေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က